I Love You
I Love You
X-Box
အယ်လ်ဘမ်: X-Box In Nine

ဒီနေ့ ငါ့အတွက်ကံကောင်းတဲ့ နေ့ရက်လေးဖြစ်ပါစေ
တစ်စုံတစ်ယောက်ဆီကို အချိန်တိုင်းပို့နေတဲ့မေတ္တာတွေ
စကားလေးတစ်ခွန်းပြောဖို့တောင် သတ္တိတွေ ဖြစ်ညှစ်
မမျှော်လင့်ရဲတဲ့ မင်းနဲ့ ငါ Relationship

မိုးလင်းကနေမိုးချုပ်ထိစိတ်ကူးနဲ့ရူး ရလာဒ်ကတော့ဘဲဥပဲ သိပ်မထူးခဲ့ဘူး
မိုးလင်းကနေမိုးချုပ်ထိစိတ်ကူးနဲ့ရူး ရလာဒ်ကတော့ဘဲဥပဲ သိပ်မထူးခဲ့ဘူး

မင်းကရည်းစားထားရင် ချောတာလေးတွေရွေးတတ်တယ်
ငါ့မျက်စိရှေ့တွင် ရင်ခွင်ပေါင်းများစွာထဲမှာ မှေးစက်ခဲ့
စက္ကူငှက်ကလေးတွေ ခေါက်ထားတယ် မင်းမှာ ပိုင်ရှင်ရှိလို့မပေးရက်ရဲ
မင်းရှေ့ရောက်ရင် အလိုလိုရင်ခုန်သံတွေ အအေးပတ်တယ်လောလောဆယ်တော့
ကျွန်တော်ရင်နာနေတယ် လူရှေ့သူရှေ့အနမ်းတွေ ဖလှယ်တာ Poppin အထာတွေပဲ
တစ်ကြိမ်တစ်ခါတော့ ချစ်သူလေးလို့ခေါ်ချင်ပါလေရဲ့ ချစ်သူများနေ့မှာမင်း သက်ဆိုင်သူနဲ့ပဲ ပျော်ရွှင်ပါစေကွယ်
ဒါပေမယ့်လဲ(မင်းရည်းစာနဲ့ပြတ်ပါစေလို့) ဆုတောင်းနေတယ်
ငါ့ရဲ့ မသိစိတ်ထဲက လုံးဝမလိုက်ဖက် လုံးဝမလိုက်ဖက်
မင်းရဲ့ Boy Friend တွေကို တစ်စက် မှကြည့်လို့လဲမရ
ငါဖွင့်ပြောဖို့ ကြိုးစားတိုင်း ဘယ်ဘက်အောက်မျက်ခမ်းတစ်ချက်လှုပ်သွားတာနဲ့
မင်းကို မြေခွေးပေါင်း သောင်းခြောက်ထောင် အမဲလိုက်နေသလို ဖြတ်ခုတ်ကြတာပဲ
အချစ်နဲ့ စစ်မှာ မတရားတာတွေ ကြီးပဲ အနိုင်ရဖို့ သတ်ပုတ်ရမှာပဲ ပလပ်ပြုတ်သွားရှာတဲ့
ငါ့ရဲ့ မျှော်လင့်ချက်တွေ အလင်းဓါတ်ပြန့်ရအောင် ဘယ်နှယ့်လုပ်ရပမလဲ
ပရိတ်ရေသောက်ဘုရား အမြန်ရှိခိုး နိမိတ်တွေ ကောက် ခင်ဗျား ပြန်ချစ်ဖို့ မောင့်ဘဝကို
ပြောပြမယ် နော် နားထောင် ဗညားဟန်သီချင်းလို မနေ့ညက အိပ်မက်ထဲမှာ ကြင်ကြင်နာနာ
ဖွင့်ပြောခဲ့တယ် အဲ့ဒီ အိပ်မက်ထဲမှာပဲ ညင်ညင်သာသာ လွှင့်မျှောခဲ့တယ်
ပြောလဲ ပြောချင်တယ် ပြောလဲ မပြောရဲဘူး မဟုတ်ရင် နောက်တစ်ယောက်ဆီပါသွားလိမ့်မယ်
ငါသိတယ်(မင်းနဲ့တွေ့ရင်တော့) ငါ့ရဲ့ ၁၅၀၀ အချစ်မီးတောင်ကြီးပေါက်ကွဲပြီဟေ့
I Love You
တကယ်အတည်ပြောတာ နောက်နေတာမဟုတ်ဘူး မသိချင်ယောင်မဆောင်သေချာနားထောင်
I Love You
ကြည်နူးသောအချိန်ကာလတွေ ကျော်လွန်ပြီးတဲ့နောက်
လောကဓံဆိုတဲ့ဘဝရဲ့လမ်းတစ်ဝက်ကို ရောက်ပြီး ချစ်သူမကြောက်နဲ့
ငါ့ပုခုံးက မင်းဘဝအတွက် အပြည့်အဝလုံလောက်တယ် ဘယ်တော့မှ မကုန်လောက်တဲ့
သံယောဇဉ်ထုထည်ကြောင့်တို့နှစ်ယောက် ကမ္ဘာအသစ်ကို အခုပဲ ရောက်ပြီဟေ့
မင်္ဂလာဦးည ကြင်စဦးဘဝချစ်ချစ်ချစ် အခန်းထဲ ဘယ်သူမှ မဝင်ပါဘူးဟ
သားသားနဲ့ မီးမီးတွေ မွေးပေး
အမွှာပူး အမွှာပူး
အမွှာပူးလေးတွေလဲ မွေးပေး I Love U

Writer(s): X-Box