Guiter Kyoe Lay Pyat Twar Pyi
ဂီတာကြိုးလေးပြတ်သွားပြီ (feat. သံသာဝင်း)
အနဂ္ဂ
အယ်လ်ဘမ်: City FM 8th Anniversary

ပန်းတံတားခင်းလို့ လျှောက်ချင်မိသူ
အလွမ်းသမားသတင်းတစ်ရပ်ပါကွယ်
သံစဉ်ဖွေရှာသီကျူးတဲ့အခါ နှလုံးသားရဲ့ ဥယျာဉ်ကမ္ဘာထဲမှာ
အသည်းသူခိုးလေးတစ်ယောက်လို ရင်ကွဲစရာ
ဖြစ်ရတဲ့ အကြောင်းကို .... သူသိမလား

ကဗျာဆန်သူလေးတစ်ယောက်ကိုကွယ် အသည်းလှလှပန်ဖို့ရာ
အနာခံတေး ကာရန်ရွေး စကားတစ်ခွန်းမေးစဉ်မယ်
မိန်းကလေးက ခွင့်မပန်စေချင်ဂီတာကိုင်ကာ မပျော်နိုင်ပါဘူး

ကြိုးကလေးပြတ်လို့ ကိုယ့်ရင်ထဲမလုံ
အငြိုးကလေးများလည်း မထားစေဖွယ်
ဝေဒနာတွေကိုစာရေးတဲ့အခါ
အမုန်းမထားတဲ့အကြောင်းကို
ကိုယ်သိအောင်တစ်နည်းနည်းနဲ့ပြောကွယ် ရင်ထဲမှာ
တသိမ့်သိမ့်နဲ့ တွေးကာနေပါမယ်

မလိုဘဲအခုအခါဖြတ်စိတ်တို အစားမစားဘဲငါငတ်
နင်ကအဆက်အသွယ်ဖြတ် စိတ်တိုခံစားရတာခက်
လူကမခံနိုင်လဲပြို သံစဉ်များမပါဘဲဆဲငို
အဖန်ငါးရာငါးကမ္ဘာမကြောက်ပါနဲ့ ငါ့ကို ငါပဲဆဲဆို
သိပ်လှတဲ့ဒဏ်ရာတွေက မင်းပေးခဲ့တာအမြဲကို
စိမ်းလန်းတဲ့ကမ္ဘာမြေကြီးငြိမ်းချမ်းရေးတွေလဲပြို
လူလည်းရူးကာထွက်စိတ်တို သူအမြဲမမှုတာခက်
အသက်ရှူတာတွေ အခုရပ်သွာရင် ငါချည်ထားတဲ့ ကြိုးကပြတ်

ငါသေသွားမှာကို မင်းက တကယ်ပဲမစဉ်းစား
မင်းထင်ထားတာတွေ အကုန်လုံးကလည်းလွဲမှား
ငါ့ဘဝကိုလည်း စွပ်စွဲချက်တွေ အမြဲထား
မင်းကတကယ်ပဲမစဉ်းစား ငါတစ်ယောက်တည်းရှင်းရ
အသက်ဆက်ရှင်ချင် ငါ့ဘဝအဆင်မပြေတဲ့အမှုက

အတူနေတာလည်းဖြစ်ချင်မရခဲ့ ဖြစ်နေတာလည်း ဒါကအိပ်မက်
သူလေတစ်ခါမှဖြစ်ချင်တာကို ငြင်းထုတ်မပြခဲ့ ဖြစ်နေတာလည်း ဒါအိပ်မက်
အဆင်ပြေတာလည်း ဖြစ်နေတာ အမြဲပျော်ရွှင်နေခဲ့ဒါကအိပ်မက်
ဒါတွေငါမတွက် ငါလေ မညာတတ် ဖြစ်ချင်ပါတယ် ငါ့ရဲ့အိပ်မက်
ဖြစ်စေချင်တာ ငါ့ရင်ခွင်မှာ မျက်လုံးမှိတ်ကာ အိပ်စက်သလို
ဖြစ်နိုင်တာက မင်းရင်ခွင်မှာ ငါ့ရဲ့ဘဝကို မအိပ်စက်လို
စိတ်ကတချက်ကို ထိန်းရခက်သလို ငါ့ဘဝစတေးမယ် မင်းအတွက်ကို
ရှင်းပြလည်းမဟတ် မင်းက အရေးမလုပ်
ငါ့ဘဝစတေးလည်းမင်းအဖက်မလုပ်
စိတ်ဓါတ်ကျတဲ့ အချိမ်မှာ စိတ်ပျက်ဆုံးက ငါ့ရဲ့အိပ်မက်
စိတ်ဓါတ်မလှခဲ့ပါ အဆုံးဝါးဆုံးက ငါ့ရဲ့အိပ်မက်
စိတ်ဓါတ်မလှခဲ့ပါ အဆုံးဝါးဆုံးက ငါ့ရဲ့အိပ်မက်
စိတ်ဓါတ်မွေးမြူဖို့ အတွက် အဆုံးသတ်မရခဲ့ ငါရဲ့အိပ်မက်
စိတ်ဓါတ်အလှဆင်ဖို့အတွက်ခြောက်လှန့်နေခဲ့ ငါ့ရဲ့အိပ်မက်