Ma Taw Ta Sa
မတော်တဆ
G Fatt
အယ်လ်ဘမ်: G Fatt Collection

အတိတ်ကို စဉ်းစားတိုင်း အဖြစ်အပျက်တစ်ချို့က ညှိုးနွမ်းပျောက်ရှ
မပျောက်ရှပဲ ကျန်နေတာ မင်းနဲ့ငါ ပတ်သက်ခဲ့ဖူးတဲ့ ကိုးတန်းကျောင်းသား
ဘဝ လေထဲ ကြိုးတန်းလျှောက်ရသလို ငါရင်ကို တလှပ်လှပ်နဲ့ခုန်
အမှတ်တမဲ့ပေါ့ သေလောက်
နှလုံးခုန်ရပ် အသက်ထွက်မဲ့ အပြုံး
အဲ့အပြုံးက အသက်ထွက်လောက်လေရဲ့
နင်မယုံရင် ငါအသေခံပြပါမည်
မင်းအပေါင်းအသင်း အခြွေအရံများစွာ၏
အကူအညီကြောင့် ငါအဖြေပြန်ရပါသည်
ဒါကြောင့်ငါ ကျေးဇူးတင်ပါတယ်
နင့်သူငယ်ချင်း အပေါင်းအသင်းတွေကို
အိမ်ပြန်ချိန်နောက်ကျချင်ကျပါစေ လျှောက်လည်ကြမယ်ကျောင်းဆင်းချိန်ဆို
ဘုရားဟောတဲ့ လူသားတိုင်းက အပုပ်ကောင်များတဲ့
ဒါပေမဲ့ နင့်ရဲ့အလှက အခုထိ ငါ့ကို တုပ်နှောင်ထားဆဲ
ဖိအားပေးပြီး ညှင်းပန်းချက်က အင်းစိန်အချုပ်ထောင်အလားပဲ
ငါဖြစ်ချင်ခဲ့တာ အဆိုတော်
သူ့ရည်မှန်းချက်က သရုပ်ဆောင်ဘဝတဲ့

မတော်တဆ ဒီသီချင်းမင်းနားထောင်ဖြစ်ရင်
ဒီသီချင်း မင်းအကြောင်းငါသီကုံးတယ်ဆိုတာ
အလိုလို နင်ရိပ်မိလောက်မယ်ထင်
မတော်တဆ နင်ပြောဖူးတဲ့လေသံမျိုး
တစ်စုံတစ်ယောက် ပါးစပ်က ဆိုပြီဆို
ငါ့ပါးနှစ်ဖက်အထပ်မှာ အထိမ်းအကွတ်မဲ့စွာ သည်းတဲ့ မျက်ရည်မိုး

ကျူရှင်တွေ မအားသည့်ကြားက ရှူတင်တွေ သွားကြည့်
နင်အောင်မြင်သွားရင် ထားခဲ့မှာလား ငါပူပင်နေရပြီ
စိတ်က တစ်နေ့တစ်ခြား ပိုကျဉ်းကျပ်လာတယ်
အဲ့ အနေအထားကို သီချင်းစပ်ပြ နင့် အတွက်ငါကလိုအပ်ရင်လှေခါးလို နင်းတက်ပါ
ရုပ်ရှင်ရိုက်ဖို့ Company ကတောင်နင့်ကို ကမ်းလှမ်းပြီဆို
အဲ့မှာစ ကမ္ဘာပျက်အနာဂတ်လမ်း ဂွမ်းပြီဗျို့
သူမကိုခြေတော်တင်မဲ့ ယောက်ျားသားတွေ တန်းစီလို့
Eye Liner တွေ ချယ် မိတ်ကပ်လိမ်း နှုတ်ခမ်းနီ စိုး
စိန်နားကပ်အရောင်ကြောင့်နင့်ပါးတို့ ပြောင်လက်ခဲ့
ညည့်မနက်တော့ပါငါ သန်းခေါင်ထက်လဲ
အဖြစ်မရှိတဲ့ အဆိုတော်လို့ နင်မို့လို့ လှောင်ရက်တယ်
မမေ့ပါနဲ့ နင်ပျံသန်းနေတာ ငါတပ်ပေးထားတဲ့ အတောင်တစ်ဖက်နဲ့

မတော်တဆ ဒီသီချင်းမင်းနားထောင်ဖြစ်ရင်
ဒီသီချင်း မင်းအကြောင်းငါသီကုံးတယ်ဆိုတာ
အလိုလို နင်ရိပ်မိလောက်မယ်ထင်
မတော်တဆ နင်ပြောဖူးတဲ့လေသံမျိုး
တစ်စုံတစ်ယောက် ပါးစပ်က ဆိုပြီဆို
ငါ့ပါးနှစ်ဖက်အထပ်မှာ အထိမ်းအကွတ်မဲ့စွာ သည်းတဲ့ မျက်ရည်မိုး

ငါမေးမယ် နင့်ဘက်က စဖြေကြည့်ကွာ
ချစ်ခဲ့တဲ့အတိတ်ကို လွမ်းပြီး အိပ်မရတဲ့ ညတွေရှိလား
ဘဝတွေ မညီမျှ ငါတောင်ချစ်သူရနေပြီကွာ
မင်းရော အိမ်ထောင်တွေ ဘာတွေကျ ကလေးတွေ ဘာတွေ ရနေပြီလား
လက်ထပ်ပြီးရင် အမေ့ အိမ်မှာပဲ ခိုကပ်နေမည်
တိုက်နဲ့ ကားနဲ့ နေချင်လို့ ဆို ဘာ့ကြောင့် အလိုရမ္မက်တွေ ကြီး
တစ်ခါတစ်လေ လွယ်တဲ့ထင်တဲ့ကိစ္စတိုင်းက ပိုခက်စေသည်
မင်းစွန့်ပစ်ခဲ့တာ ချောကလပ်သာဆို ငါမှိုတက်နေပြီ
ခံစားချက်တွေ စာရွက်ပေါ်ရေး အခုလို Rap တွေဖြစ်လာခဲ့
လူကြီးတွေကြောင့် ခွဲရရင်တော့ သူ့ကိုသူ သတ်သေပစ်မယ်တဲ့
အဲ့လိုစကားတွေနဲ့ တွဲငြိပြီး ပြုစားနေတာတကယ်မသိဘူး
နင်ရသင့်တဲ့ တစ်ကမ္ဘာလုံးမှာ ဟန်ဆောင်အကောင်းဆုံး အကယ်ဒမီဆု

မတော်တဆ ဒီသီချင်းမင်းနားထောင်ဖြစ်ရင်
ဒီသီချင်း မင်းအကြောင်းငါသီကုံးတယ်ဆိုတာ
အလိုလို နင်ရိပ်မိလောက်မယ်ထင်
မတော်တဆ နင်ပြောဖူးတဲ့လေသံမျိုး
တစ်စုံတစ်ယောက် ပါးစပ်က ဆိုပြီဆို
ငါ့ပါးနှစ်ဖက်အထပ်မှာ အထိမ်းအကွတ်မဲ့စွာ သည်းတဲ့ မျက်ရည်မိုး

မတော်တဆ ဒီသီချင်းမင်းနားထောင်ဖြစ်ရင်
ဒီသီချင်း မင်းအကြောင်းငါသီကုံးတယ်ဆိုတာ
အလိုလို နင်ရိပ်မိလောက်မယ်ထင်
မတော်တဆ နင်ပြောဖူးတဲ့လေသံမျိုး
တစ်စုံတစ်ယောက် ပါးစပ်က ဆိုပြီဆို
ငါ့ပါးနှစ်ဖက်အထပ်မှာ အထိမ်းအကွတ်မဲ့စွာ သည်းတဲ့ မျက်ရည်မိုး

Writer(s): G Fatt