Latt Htet Sar Chote
လက်ထပ်စာချုပ် (feat. ဂူဂူး)
G Fatt
အယ်လ်ဘမ်: Unreleased

ဟော့ဒီ ဘဒ္ဒကမ္ဘာမှာ သူမနဲ့တွေ့ဆုံမှုတိုင်းက အမှတ်ရစရာပါ
သူများလက်ထဲပါသွားမှာစိုးလို့ ပိုင်ဆိုင်ချင်တာ ငါ့အတ္တမာန လောကဓံ
အနိမ့်အမြင့် အတက်အကျသဘာဝ အရှုံးမပေးဘူး လှော်ခတ်ပြမှာပါ
ဘာကြောင့်မှနှုတ်ဆက်လက်မပြပါငါ ပိုက်ဆံရှိမှ ပါတ်ဝန်းကျင်မှာအထင်ကြီးပြန်သတဲ့
အဲ့လို ငွေဂုဏ်မောက်တဲ့လူတွေဆို ငါတင်စီးမခံဘဲမာယာများတဲ့ဘဝရဲ့အကြောင်းကိုနင်သိရန်မလွယ်
ကြုံလာရမယ့် အခက်အခဲအားလုံးငါ ရင်စီးခံမယ်
မင်းပြုံးနေုဖိ့အတွက် ငါငိုရမယ်ဆိုမျက်ရည်ခမ်းပါစေ
ငါတို့နှစ်ယောကို ဝိုင်းလို့ မနာလိုသူတွေ အသက်ရှည်ကျမ်းမာစေ
အလွမ်းတစ်ခါပြေဖို့ ငါပါးကို အနမ်းတစ်ရာခြွေ
နင်ရှက်ရမ်းရမ်းတာလေးတွေ ငါရင်ခွင် ဘယ်ဘက်တစ်ခြမ်းမှာ အပြည့်

လက်ထပ်စာချုပ်ချုပ်တယ်ဆိုတာ အပိုပါ တကယ်အချစ်စစ်ဖို့သာအဓိက
နှလုံးသားနှစ်ခုသာထပ်တူကြရင် နှစ်ဖက်မိဘတွေလည်းမလိုပါ
ပြတ်ဆဲမနိုင်လောက်အောင်ဝေးကွာနေပါစေ စိတ်ခြင်းကတော့ ဆက်ပြီးသား
မင်းက ငါ့အတွက်သေရာပါ မပျောက်ပျက်တော့မယ့်အမာရွတ်ဟောင်းလေးတစ်ခုလိုပါ
မဖြစ်သင့်လို့ကို နောက်ဆုတ်ဖို့ကို ဆုံးဖြတ်လိုက်တာပါ
တကယ်ဆို ချစ်ရက်နဲ့ကို လမ်းခွဲဖို့ဆို သတ္တိ မရှိသူပါ
အသိုင်းအဝိုင်း တွေက တံတိုင်းများလိုခြား အားမသန်ဘူး မာန်လျှော့လိုက်ပစ်ရတာပါ

ပကာသနခြင်းယှဉ်ရင် ကျုပ်က ငမွဲပေါ့ကွယ်
သူအပေါ်ထားတဲ့ အချစ်က ချမ်းသာတယ် မနည်းမနောပဲ
အဲ့တော့ဘယ်သူလာခွဲတော့မလည်း သဲပြောတဲ့ အိမ်မက်တွေတစ်နေ့ဖြစ်စေရမယ်
တဲရော့နဲ့ ဗေဒင်တွေလည်း တွက်စရာမလိုဘူး ဇွဲမလျှော့နဲ့
မင်းမိဘသဘောမတူလည်း စိတ်ကို တည်ငြိမ်အောင်တွေးပါ
အချစ်မပါပဲ ဘယ်အဆင်ပြေမှာလည်းပြော ဒီအိမ်ထောင်ရေးက
သူဌေးသားမှ ပေးစားမယ်ဆိုတဲ့ယောက္ခမ ဆိုတဲ့ လောင်းရေ
အဲ့လိုပါတစ်ရွေးသားမှ မပြောင်းဘူး အချစ်က နောင်ဘဝမပြောင်းသရွေ့
ပေါက်ကရအကြောင်းတွေ ဝိုင်းပြောမယ် ကြားလူတို့ရယ်
သွေးထိုးစကားတွေလည်းငါမခံနိုင်ပါဘူး နားပူလို့တကယ်
လဲကျကာသွားလည်း ပြန်ထနိုင်အောင် အားယူဖို့ မလွယ်တဲ့ကောင်ကိုမှ
ကံတရားက ရေနစ်သူ ဝါးကူထိုးခဲ့
အကောင်းအဆုံးက တစ်လှည့်စီဆိုပေမဲ့ အဆိုးတွေ ကြီး ငါတို့ကြုံရလည်း
မင်းမငိုနဲ့ မငိုနဲ့ ငါမင်းဘက်ရှိနေမယ် တွေ့ဆုံလိုက်ပြန်ခွဲလိုက်
ဒီဘဝတည်း မသက်သာလို့ တို့ဝေးတောင်ခနပဲ
စိတ်မပူနဲ့ မပူနဲ့ ငါအားတင်းထားပါတယ်

လက်ထပ်စာချုပ်ချုပ်တယ်ဆိုတာ အပိုပါ တကယ်အချစ်စစ်ဖို့သာအဓိက
နှလုံးသားနှစ်ခုသာထပ်တူကြရင် နှစ်ဖက်မိဘတွေလည်းမလိုပါ
ပြတ်ဆဲမနိုင်လောက်အောင်ဝေးကွာနေပါစေ စိတ်ခြင်းကတော့ ဆက်ပြီးသား
မင်းက ငါ့အတွက်သေရာပါ မပျောက်ပျက်တော့မယ့်အမာရွတ်ဟောင်းလေးတစ်ခုလိုပါ

ဒါဘယ်ဘဝရဲ့ ကံ အကျိုးဆက်တွေလည်း
အကြိမ်ကြိမ်ရှုံးနိမ့် ..အောင်ထိုးနပ်နေလည်း
အချစ်ကို ရူးမိုက်စွာ ငါတို့မျက်ရည်နဲ့
ပုံဖော်ထုဆစ် တန်ဖိုးတက်စေမယ်

ဒါဘယ်ဘဝရဲ့ ကံ အကျိုးဆက်တွေလည်း
အကြိမ်ကြိမ်ရှုံးနိမ့် ..အောင်ထိုးနပ်နေလည်း
အချစ်ကို ရူးမိုက်စွာ ငါတို့မျက်ရည်နဲ့
ပုံဖော်ထုဆက် တန်ဖိုးတက်စေမယ်