Char Tate
ချာတိတ်
ရွှေထူး
အယ်လ်ဘမ်: Padamyar Fm Radio Live

ချာတိတ် ညဘက် နှိပ်စက် အိပ်လို့မရအောင် အရိပ်ကလေး
အိပ်မက်ထဲ အတင်းးတိုးဝှေ့ကာ ချာတိတ်ကလေးရယ်
မင်းကိုယ့်အပေါ် နှိပ်စက်လွန်းတယ်ကွယ်
ချာတိတ် မင်းပြောစကား သကြားသီးလေးလို ချိုရဲ
နူးညံ့တဲ့ နှလုံးသားထက်ဝယ် ချာတိတ်ကလေးရယ်
မင်း ကိုယ့်အပေါ်စိုးမိုးလွန်းတယ်ကွယ်
ချာတိတ် ဒီဇိုင်း အဆန်းကလေး ဝတ်လို့ထားရင် အလှဆုံး
အားလုံးက ဝိုင်းငေးကြမယ် ချာတိတ်ကလေးရယ်
မင်းကလေးအပေါ် စိတ်မချဘူးလေကွယ်
ချာတိတ်ကလေး
သံယောဇဉ်တွေပေးထားခဲ့ပြီး
မင်းကလေး ကိုယ့်ကို အမျိုးမျိုး ပြုံးပြတယ်
နှလုံးသားမှာ စူးနစ်ခဲ့ပြီကွယ်
ချာတိတ် ကြားထဲက နှောင့်ယှက်မှုတွေ ဖယ်ရှား
သိပ်လှတဲ့ နေ့သစ်များမှာ ချာတိတ်ကလေးရယ်
မင်းနဲ့အတူ တို့နှစ်ယောက် လျှောက်လည်မယ်