Min Ma Sheet Yin Ma Pyit Loh
မင်းမရှိရင်မဖြစ်လို့
အယ်နှောင်း
အယ်လ်ဘမ်: အနောက်တောင်မုတ်သုံလေ

အဝေးဆုံး လှမ်းသွားဖို့
ခြေလှမ်းတို့ အားနည်းလို့
သတိရစိတ်တို့ ဝမ်းနည်းပြီး လာလို့..
မင်းအနီးနား ရောက်ဖို့
ခက်ခဲမယ့် လမ်းများမို့
အားနည်းချက်တို့ တားဆီးပိတ်ပင်လို့

အိုး.... မင်းမရှိရင် မဖြစ်လို့
ဟိုးတုန်းက အိပ်မက်တွေမက်လို့
အိုး... ဝေးသွားမှာလည်းစိုး
မျှော်လင့်ခြင်းတွေ ဖြစ်မလာမှာကို..
သူစိတ်ညစ်မှာလည်း စိုး..

မြတ်နိုးမှု တစ်ခုတည်းမို့
နှောင်ရစ်မိတဲ့ သဘောမို့
ချစ်ခဲ့ပြီးမှ ပြောင်းလဲမပစ်နိုင်လို့
မင်းအနီးနား ရောက်ဖို့
ခက်ခဲတဲ့ လမ်း များမို့
အားနည်းချက်တို့ တားဆီး ပိတ်ပင်လို့..

အိုး.... မင်းမရှိရင် မဖြစ်လို့
ဟိုးတုန်းက အိပ်မက်တွေမက်လို့
အိုး... ဝေးသွားမှာလည်းစိုး
မျှော်လင့်ခြင်းတွေ ဖြစ်မလာမှာကို..
သူစိတ်ညစ်မှာလည်း စိုး..

အိုး.... မင်းမရှိရင် မဖြစ်လို့
ဟိုးတုန်းက အိပ်မက်တွေမက်လို့
အိုး... ဝေးသွားမှာလည်းစိုး
မျှော်လင့်ခြင်းတွေ ဖြစ်မလာမှကိုး..
သူစိတ်ညစ်မှာလည်း စိုး..
သူစိတ်ညစ်မှာတော့ စိုး....