Nin Tate Yat Sat Tal
နင်သိပ်ရက်စက်တယ်
ဝေလ
အယ်လ်ဘမ်: အဓိပတိဖွား

မင်းတို့ရဲ့ ရပ်ကွက်ထဲ ဇိုးဘဲတွေ သိပ်များလို့ ခါးကြားထဲ ဓါးထိုးပြီးတော့ မင်းဆီလာခဲ့မလို့
အိမ်ရှေ့ထွက်ခဲ့ပါတော့ မင်းမျက်နှာလေးကိုငါငေးဖို့
မင်းနဲ့မှ ချစ်တတ်ခဲ့တဲ့ဘဝကို နင်သိဖို့ အကြိမ်ကြိမ်ငါနီးဖို့ကြိုးစားလည်း
မင်းက နှာခေါင်းလေး ပိတ်ကာပြေးထွက်ခဲ့ ဒီလူငိုသံဟာ မကြမ်းတမ်းဘူးဟေ့

လူမိုက်ကြီးတစ်ယောက်မို့ မင်းမချစ်တာလား ဒါပေမယ့်မင်းတစ်ယောက်အတွက်ဆို ယုန်သူငယ်လိုပါ

ငါအရမ်းချစ်ခဲ့တာပါ ဓားချင်းခုတ်ချိန််မှာတောင် မင်းအကြောင်းတွေး
နူးညံ့တဲ့ စိတ်ဓါတ်လေး တွေမင်းတစ်ယောက်အတွက် ငါပေးသော်လည်း
ဒဏ်ရာတွေ အများကြီးရချိန်မှာ မင်းဓါးရှမှာကို ငါတွေးပြီးဆွေး ... လူမိုက်တစ်ယောက်ကို မချစ်နိုင်ဘူးတဲ့
ငါအသည်းနုတာ မင်းမသိပဲကွယ် နင်သိပ်ရက်စက်တယ်
မင်းနှုတ်ခမ်းက ငါ့အတွက်အပြုံးလေးတစ်တစ်ချက်ကို မြင်ရဖို့ မင်းကြိုက်တဲ့ ပန်းစည်းလေးတစ်ချို့်လက်ဆောင်ပါမလို့
ငါ အရဲစွန့်ခဲ့ပါတယ် အခက်အခဲတွေများစွာ ကျော်ဖြတ်လို့ .. သွေးစွန်းတဲ့လက်နဲ့ ပေးတဲ့ ပန်းကို မကြိုက်ဘူးလို့
နင်လိုကောင်မျက်နှာမွဲ အိမ်ရှေ့မလာပါနဲ့ လို့ နင်မောင်းထုတ်သော်လည်း မင်းကငါ့အတွက် Beautiful

လူမိုက်ကြီးတစ်ယောက်မို့ မင်းမချစ်တာလား ဒါပေမယ့်မင်းတစ်ယောက် အတွက်ဆို ယုန်သူငယ်လိုပါ....

ငါအရမ်းချစ်ခဲ့တာပါ ဓားချင်းခုတ်ချိန််မှာတောင် မင်းအကြောင်းတွေး
နူးညံ့တဲ့ စိတ်ဓါတ်လေး တွေမင်းတစ်ယောက်အတွက် ငါပေးသော်လည်း
ဒဏ်ရာတွေ အများကြီးရချိန်မှာ မင်းဓါးရှမှာကို ငါတွေးပြီးဆွေး ..
နင်ကငါ့ကိုမချစ်နိုင်ဘူးတဲ့ ငါ့အသည်းနုတာ မင်းမသိပဲကွယ်
ငါအရမ်းချစ်ခဲ့တာပါ ဓားချင်းခုတ်ချိန််မှာတောင် မင်းအကြောင်းတွေး
နူးညံ့တဲ့ စိတ်ဓါတ်လေး တွေမင်းတစ်ယောက်အတွက် ငါပေးသော်လည်း
ဒဏ်ရာတွေ အများကြီးရချိန်မှာ မင်းဓါးရှမှာကို ငါတွေးပြီးဆွေး ..လူမိုက်တစ်ယောက်ကို မချစ်နိုင်ဘူးတဲ့

ငါအသည်းနုတာ မင်းမသိပဲကွယ် နင်သိပ်ရက်စက်တယ် အိုး ... ဟိုး....

Writer(s): ဝေလ