Yone Kyi Yar
ယုံကြည်ရာ
လေးဖြူ
အယ်လ်ဘမ်: ဒိုင်ယာရီ

ရှုံးနှိမ့် မှု တွေများစွာ နှိပ်စက်နေ
သောကမီးတောက်ကြားမှာ လှောင်ပိတ်လို့
သံသယတွေများစွာ ခေါင်းထဲမှာ အပြည့်နဲ့
ရှုံးနှိမ့် မှု တွေများစွာ နှိပ်စက်နေ
သောကမီးတောက်ကြားမှာ လှောင်ပိတ်လို့
သံသယတွေများစွာ ခေါင်းထဲမှာ အပြည့်နဲ့
ဒါတွေ မင်းကြုံရမှာပဲ မပူနဲ့ ဒါပေမယ့် ဒီစိတ်ကို မလျော့ပါနဲ့
မင်းမျှော်လင့်ချက်များ တစ်ချိန်ပြည့်လာမှာ
လူဆိုတာ အမြဲ ယုံကြည်ရာ တစ်ခုအတွက်
အသက်ကိုတောင် စတေးကြတာပဲ
မင်းရဲ့ဘ၀မှာ ဘာကိုယုံကြည်လဲ
ယုံကြည်ရာ တစ်ခုအတွက် အဆုံးတိုင်လျှောက်လှမ်းပါ
တစ်နေ့တော့ ရောက်မှာပါ
ဘ၀တစ်ကွေ့မှာ မင်းတစ်ခါလဲကျမှာ
လဲကျတဲ့ အချိန်တိုင်းမှာ ပြန်ထဖို့
မမေ့ပါနဲ့ ဒါ မင်းရဲ ့တိုက်ပွဲပါ
တိုက်ပွဲတွေတိုင်းမှာ မတရားတာမရှိ
ဒါဆိုမင်းအနိုင်ရမယ် တွေးမှတ်ပြီး
အို ဘယ်တော့မှ နောက်ပြန်မလှည့်ပါနဲ့
လူဆိုတာ အမြဲ ယုံကြည်ရာ တစ်ခုအတွက်
အသက်ကိုတောင် စတေးကြတာပဲ
မင်းရဲ့ဘဝမှာ ဘာကိုယုံကြည်လဲ
ယုံကြည်ရာ တစ်ခုအတွက် အဆုံးတိုင်လျှောက်လှမ်းပါ
တစ်နေ့တော့ ရောက်မှာပါ
တစ်ချို့ကပြောမှာပဲ အကြောင်းအကျိုးတွေ ဂရုမစိုက်ပါနဲ့
ကိုယ့်ရဲ့အကြောင်း ကိုယ်ပဲနားလည်
တစ်ချို့ကပြောမှာပဲ အကြောင်းအကျိုးတွေ ဂရုမစိုက်ပါနဲ့
ကိုယ့်ရဲ့အကြောင်း ကိုယ်ပဲနားလည်
ဒါတွေ မင်းကြုံရမှာပဲ မပူနဲ့ ဒါပေမယ့် ဒီစိတ်ကို မလျော့ပါနဲ့
အို ဘယ်တော့မှ နောက်ပြန်မလှည့်ပါနဲ့
အမြဲ ယုံကြည်ရာ တစ်ခုအတွက်
အသက်ကိုတောင် စတေးကြတာပဲ
မင်းရဲ့ ဘဝမှာ ဘာကိုယုံကြည်လဲ
ယုံကြည်ရာ တစ်ခုအတွက် အဆုံးတိုင်လျှောက်လှမ်းပါ
တစ်နေ့တော့ ရောက်မှာပါ
လူဆိုတာ အမြဲ ယုံကြည်ရာ တစ်ခုအတွက်
အသက်ကိုတောင် စတေးကြတာပဲ
မင်းရဲ့ ဘ၀မှာ ဘာကိုယုံကြည်လဲ
ယုံကြည်ရာ တစ်ခုအတွက် အဆုံးတိုင်လျှောက်လှမ်းပါ
တစ်နေ့တော့ ရောက်မှာပါ

Writer(s): သွန်းပူ