Maunt A Yine Pan
မောင့်အရိုင်းပန်း
စိုင်းထီးဆိုင်
အယ်လ်ဘမ်: Unpulgged Live Show - စိုင်းထီးဆိုင်

ညှာတာမှုကင်းမဲ့လှစွာ လေပွေသရမ်းတွေ
အမှတ်မထင်ပဲ တိုက်ခိုက်ရက်စက်လာ
နုနယ်တဲ့ မောင့်အရိုင်းပန်း
အသိမကြွယ်တဲ့ မောင့်တစ်ပွင့်ပန်း
အညှာမခိုင်သေးတော့ကွယ် မဖွံ့ဖြိုးခင်
မြေမှာ ခရရှာပြီ
စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေ
အလစ်ကိုချောင်းတစ်ဖက်သာ တစ်ချက်အငိုက်ကို
အပြစ်နာမဲ့ မောင့် အရိုင်းပန်း
သန့်စင်တဲ့ မောင့်တစ်ပွင့်ပန်း
အနီရောင် စွန်းထင်ကာ အလှမပြည့်ခင်
မြေမှာ ခရရှာပြီ

ကြည်လင်ကာ ပြန့်ပြူးတဲ့ ရေပြင်ဟာ
ဝဲဂယက်ထန်လှုပ်ရှားသွားရပြီကော
သာယာကာ အေးချမ်းတဲ့ အခြေအနေတွေ
ရုတ်တရက်ကွယ်လွင့်ပါးသွားပြီပဲ

မောင့်အရိုင်းပန်း
မောင့် အသည်းပန်း
ကံဇာတာ ခေချိန်လား
ဝဋ်ကြွေးတွေ မကုန်လို့လား
ရေတိမ်မှာ နစ်မွန်းရတာ

သန်းခေါင်းယံည လမိုက်ခိုက်တောင် မမီနိုင်ဘူးထင်
စိတ်ဆင်ရိုင်း လောကသားရဲ့အမှောင်
မေတ္တာတရား ခေါင်းပါးလွန်းနေ ကရုဏာမဲ့ သွေးသားအလိုအတွက်
ပင်ကိုယ် အားနွဲ့သူ အရှုံးနဲ့သာ ခန္ဓာကို စတေးရရှာတယ်
သေတပန်ပြောင်းဝကို အရိုင်း ပန်းငယ်
မလွန်ဆန်နိုင်ဆက်သရုံပဲ

မောင့် အရိုင်းပန်း........ မောင့်အသည်းပန်း
မောင့် အရိုင်းပန်း ..... မောင့်အသည်းပန်း

Writer(s): စိုင်းခမ်းသီ