A Di Pa Di Phwar
အဓိပတိဖွား
ဝေလ
အယ်လ်ဘမ်: အဓိပတိဖွား

1982 ကိုယ်အလေးချိန် ၆ ပေါင်ရှိတဲ့ကလေးတစ်ယောက်အဖြစ်
ကမ္ဘာကြီးပေါ်ရောက်လာခဲ့ပြီပဲ မနက်မင်းချိန်လေးမှာပဲ
1998 နေ့ရက်တို့ စားသုံးပြီး အရွယ်ရောက်တဲ့နှစ်
ရည်းစားရေးသားတဲ့ ငါ့ရင်ဘတ်ဟာ အလွမ်းမပေးသေးတဲ့ အဝတ်တစ်စလို ဖြူစင်နေတယ်

ငါနေ့စွဲတွေ အများကြီးနဲ့ ဘာကို ဖြတ်ကျော်ရင်း အချိန်ကုန်ခဲ့ အများလိုပဲ
အလုပ်လုပ် ရင်ပင်ပန်းစွာ ဖြတ်သန်းခဲ့တယ်
ရင်ဘတ်ကိုတူးကြည့်တော့ အနာဂတ်တစ်ခုကိုတွေ့တာ ဂီတဖြစ်နေခဲ့
သီချင်းတွေရေးပြီးငါ အသက်ရှင်တော့မယ်

ပျော်နေချိန်မှာလေချွန်နေမယ် ကမ္ဘာ့ကျော်ခဲ့တဲ့ ဟစ်တလာလိုလူတောင်
သံစဉ်တွေညည်းခဲ့မှာ ပဲ ငါ့ဘဝက သီချင်းနဲ့လက်ထပ်ထားလိုက်တယ်
ကြေကွဲစွာကျတဲ့ မျက်ရည်စက်အတွက်သီချင်းဆက်
ဒဏ်ရာတွေကို ကိုယ်ပေါ်ခြုံခဲ့ ဘယ်နေရာထိထိနာနေရင်တော်ပြီ
ငါဆိုတာဟာ အလွမ်းသီချင်းတစ်ပုဒ်ပဲ
ငိုသံတွေ ဖမ်းပြီး သီချင်းထဲထည့်ထားတယ် 1982 မှာမွေးတဲ့ လူသားတစ်ယောက်ပဲ

လူကြီးတွေတားနေလျှက်နဲ့ ဘဝအတွက် ငါ သီချင်းတွေ ရေးတာ မှားတယ်ပြောလည်း
ငါ့လက်မှာ ဘောပင်တစ်ေချောင်းကိုင်ပြီးတော့ ခေါင်းကညစ်ထုတ်တဲ့
စိတ်ကူးမှာ အနုပညာနဲ့ကြင်နာခြင်းပဲ ရှိနေခဲ့တာ ဘာမှားသွားလဲ
ဂစ်တာအဟောင်းလေးတစ်လက်နဲ့ အသစ်ငတ်ခဲ့တဲ့သူတစ်ယောက်ပဲ
ငါပိုင်တဲ့ ဘဝဟာသာယာပါတယ်

Writer(s): ဝေလ