Chit Tal
ချစ်တယ်
မနော
အယ်လ်ဘမ်: အဆင်ပြေတဲ့နေ့

စကားပြောရင် အေးဆေးပြီး
တည်ငြိမ်နေတာလေးရယ်
အနမ်းပေးရင် ခေါင်းလေးငုံ့ ရှက်နေတာလေးချစ်တယ်
ပါးမို့မို့လေးထက်က စံပယ်တင်မှဲ့ကလေးရယ်
ငါ့အတွက်ဆို အမြဲတမ်းပဲ ဂရုစိုက်တာလည်းချစ်တယ်

နွေးထွေးစွာပြောလိုက်တိုင်း ရင်ခုန်စရာလေးရယ်
ရင့်ကျက်တဲ့ စကားလေးနဲ့ ဆုံးမတာလည်းချစ်တယ်
အေးချမ်းစွာ ပြုံးလိုက်တိုင်း အဖြူရောင်သွားတက်လေးရယ်
ကလေးတစ်ယောက်လို အမြဲတမ်းပဲ
ဆိုးနွဲ့တာလည်းချစ်တယ်
အချိန်တိုင်း မခွဲဘဲ ချစ်ပါရစေ မင်းကိုလေ
ရင်မှာ ငါမြတ်နိုးလို့ပါလေ

Writer(s): မနော