Lay Lwint Thu
လေလွင့်သူ
လေးဖြူ
အယ်လ်ဘမ်: လိပ်ပြာ

ဘယ်လိုဖြေရမလဲ ပေါ့ပါးခြင်းနဲ့ဘဝ
ဘယ်လိုသွားမလဲ အတိအကျမသိတဲ့
ခရီးသည်တစ်ဦးရဲ့ညနေများ
တစ်ညလုံးငါ့ရဲ့အနား သက်ပြင်းများကြွေကျ
ညတိုင်း အိပ်မက်ထဲမှာ တစ်စုံတစ်ယောက်ငါ့ကို ရပ်စောင့်နေတယ်

လေနှင်ရာလွင့်ခဲ့ ငါတိမ်တိုက်တစ်ခုပါပဲကွယ်
ယုံကြည်ကိုးစားထားတဲ့ မင်းမျက်လုံးတွေ မှိတ်ပစ်လိုက်ပါကွယ်
စိတ်ကူးနဲ့အိပ်မက်ရယ် တကယ်တမ်းဖြစ်မလာခဲ့
နေရစ်ခဲ့ပါ ကလေးရယ်
ငါအဝေးဆုံးကို ပြေးသွားချင်တယ်

ဘယ်လိုကြေကွဲမလဲ ဘယ်လို ငိုကြွေးမလဲ ချစ်သူလေးရယ်မင်းအတွက်ပဲ
မျှော်လင့်ခြင်းနဲ့ ဖမ်းဆုပ်ထားတဲ့ လက်တွေအားမဲ့သွားပြီကွယ်
ဘယ်လို ကြေကွဲမလဲ ဘယ်လိုငိုကြွေးမလဲ
ချစ်သူလေးရေ...
မင်းအတွက်ပဲ
အိုး...... အရောင်လွင့်လို့သွားပြီကွယ်
အိပ်မက်ကလေးရဲ့နောက်ဆုံးငါ့အဝေးဆုံးသွားချင်တယ်

Writer(s): အယ်ဖြူ