Naung Ta
နောင်တ
ဝေလ
အယ်လ်ဘမ်: အဓိပတိဖွား

ခေါင်းငြိမ့်ပစ်လိုက် စီစဉ်တဲ့ မိဘသဘောအတိုင်း နင်ထားပစ်ခဲ့လိုက် ငါ နေရစ်ခဲ့ပါ့မယ်
ဆင်ကိုစီးကာ မြင်းရံလိုက်ငွေပုံပေါ်စံစားလိုက် အသည်းမရှိတဲ့လူမိုက်လို့ နင်စွပ်စွဲသွားလိုက်လေ

နင်ကောင်းစားဖို့အရေးကို မျက်ကွယ်ငါပြုလို့ အတ္တတံဆိပ်ကပ်လို့ မစဉ်းစားနိုင်ဘူးဟေ့
နင်ကြာရင်သိလာမယ် ဒီအချိန်ငါလွန်တယ်

ဘာမှထပ်ပြီး မမျှော်လင့်ချင်တော့ဘူးလေ ဒီဘဝဒီမျှ လို့ ပဲနင်ဖြေသိမ့်လိုက်လေ
တို့အတိတ်နေ့ရက်လေး ပြန်မလိုချင်နဲ့လေ နောက်တစ်ယောက်လက်မှာ ပျော်ရွှင်ခြင်းများရပါစေ
ကမ္ဘာကြီးပေါ်က အလှဆုံးနေရာလေးတွေသူနဲ့ဆက်ပြီး လျှောက်သွားကာ ပျော်ပါးလိုက်လေ
ငါချစ်တဲ့ မင်းကိုလေ အရောင်မမှိန်ချင်ဘူးလေ စိတ်လျော့လိုက်ပါ ကြာရင်သွေးအေးသွားမယ်လေ

နင်အားလုံးရဲ့အကြိုက် ထည်ဝါစွာလမ်းလျှောက်သွားခိုက် ငါဟာအသည်းကွဲဇာတ်လိုက် တစ်ဝက်ပဲပြုံးတော့မယ်
ဒီမင်္ဂလာပွဲမှာ မင်းသာမိုက်ကျန်တာတွေ ငါလည်းကြိုက်သတို့သားနဲ့မလိုက်နင်ထွက်ပြေးသွားခဲ့တယ်
တစ်ခြားတစ်ယောက်ရင်ထဲကို သွားမယ် ခြေလှမ်းတို့
မင်းဆုံးဖြတ်ချက်နဲ့ နောက်လှည့်ပြန်ပြေးခိုက် ပေတရာလမ်းပေါ်ဝယ် နင်ငြိမ်နေပါတယ်

ဘာမှ ထပ်ပြီး မမျှော်လင့်နိုင်တော့ဘူးလေ ငါ့အမှားတွေ ကြောင့် နင့်သွေးတွေ အပြင်ထွက်လို့နေ
တို့ အတိတ်နေ့ရက်လေး ပြန်မရတော့ဘူးလေ နောက်ဘဝကြရင်နင် ဒီလိုဘေးမျိုးကင်ပါစေ
ကမ္ဘာကြီးပေါ်က အလှဆုံးနေရာလေးတွေ နင်မသွားချင်မှန်း ငါမသိတာ ငါ့အပြစ်လေ
အိုငါ့ရဲ့ချစ်သူလေး အရာရာ ငြိမ်သက်ချိန် အချစ်စစ်တစ်ခုကို သေချာစွာ ဆုံးရှုံးခဲ့ပြီလေ
နောက်ဘဝကြရင်နင် ဒီလိုဘေးမျိုးကင်းပါစေ

Writer(s): ဝေလ