Mae Htar Lite
မေ့ထားလိုက်
Big Bag
အယ်လ်ဘမ်: တယ်လီပန့်(ခ်)

မင်းဖြစ်ချင်တာနဲ့ ငါအဖြစ်တွေမတူတဲ့အခါ
လောကဟာတစ်ဖက်သတ်ကျနေလား
ရှေ့ဆက်ရန်နဲ့ နောက်ဆုတ်ရန်ချိန်တဲ့အခါ
အမှတ်တရဟာ အတားအဆီးဖြစ်နေလား
ဆုံနိုင်ရန် မဖြစ်တော့လျှင် အထီးကျန်သူမျက်ရည်
ကမ္ဘာမြေကိုဖုံးလွှမ်းသွားနိုင်လား
အတင်းပြတ်သားနိုင်တဲ့
ဒီခွန်အားမျိုးတွေ ငါ့ရင်ထဲ ခြစ်ယူလို့နေပြီပဲ
မင်းစိတ်ချမ်းသာဖို့ ငါ့ရင်တွေကွဲပါစေ
ခြားနားလို့နေတဲ့ ကံကြမ္မာတွေ
အချစ်ရေမေ့ထားလိုက် ငါ့ကိုမေ့လိုက်တော့လေ
ငါ့ကို မချစ်နဲ့တော့လေ မေ့ထားလိုက်အချစ်လေး
မေ့လိုက်တော့လေ
ချစ်တတ်သူငါနဲ့ကစားတတ်သူကြုံတဲ့အခါ
ရယ်စရာဟာငါ့ အဖြစ်အပျက်တွေလား
ရက်စက်သူနဲ့ နောက်တစ်ခေါက်ပြန်ဆုံတဲ့အခါ
ဒဏ်ရာတွေ နောက်တစ်ခုအသစ်ဖြစ်သွား

Writer(s): စောခူဆဲ