Ma Ma Moe
မမမိုး
ဝင်းဦး
အယ်လ်ဘမ်: မမမိုး

မေဘရဏီလို ငွေပန်းချီတောင် လက်မှိုင်ချရသကိုး မမမိုး
တကယ်ပါလေ ယဉ်တာရှာဖွေ လူ့ဘဝတရိုး
မယ်ကမ္ဘာတွေ ယှဉ်လာပါစေ သူ့အလှမချိုး
ကေသာဆံရောင် တညိုညို ပါးကလေးတွေတောင် တမိုမို
ပတ္တမြား သွေးလို နုပျို ခုဆို
သူ့နဂိုရ် အယဉ်မှာ များတဲ့မိုး
အကြင်နာပွားလျက်တိုး
ဘဝင်မှာဆိုးအောင် မရိုးပေါင်ပျို

( အို...မေဘရဏီလို ငွေပန်းချီတောင် လက်မှိုင်ချရသကိုး မမမိုး ) 2

သူ့မြင်ကတည်းက စွဲရသူကလေး
ရှုစကြင်ပဲ အလှအမြဲပါ့ဖြူဖွေး
သောကြာကြယ်တစ်လုံးလို ပြုံးချိုဖုန်းမို
ချစ်လို့မဆုံး ကြိုက်လို့မဆုံး အမိုက်တိုက်ဖုံးပေါ့ပျို

( အို...မေဘရဏီလို ငွေပန်းချီတောင် လက်မှိုင်ချရသကိုး မမမိုး ) 2

မယ်ဥမ္မာအဆင်း မြင်ရာကို
သိဝိမင်းရဲ ့ရင်မှာဖို ကြည့်ကြည့်ရင်းနဲ ့ ဆင်ပေါ်မရှောင် ကြောင်တောင်ငေးသလို
ကလေးပါတယ်ဆို ချစ်ခဲ့သမိတော့ မလွန်ဆန်လို
အပြစ်နဲ့တွေ့တော့ ဝန်ခံယုံသာပုံသာပျို

( အို...မေဘရဏီလို ငွေပန်းချီတောင် လက်မှိုင်ချရသကိုး မမမိုး )

မောင်လာမယ် စောင့်ကြိုဆို ဒေါင်ချာလည် နှစ်ယောက်ထိုထို
မရှောင်သာဝယ် ပြုံးပန်းပွင့်အောင်ပျိုး
အို မရိုးနိုင်အောင်ဆို လှသမျှသတိုးမို့ အမည်မယူလို

မမမိုးလို့ အမည်ယူ ကြည်ဖြူစေချင်သဗျို
( အို...မေဘရဏီလို ငွေပန်းချီတောင် လက်မှိုင်ချရသကိုး မမမိုး )