Lwal Lwan Layy Ya Khae Tot
လွယ်လွယ်လေးရခဲ့တော့
ဝေလ
အယ်လ်ဘမ်: အဓိပတိဖွား

နင်ငါ့ဘက် ကိုငဲ့မကြည့်ခဲ့ တကယ်အဝေးဆုံး ထွက်သွားလိုက်ပါတော့
တော်ပါတော့ နင်ကြင်နာတယ်ဆိုတာကို ငါမယုံတာတော့ ခဏခဏ နင်မောင်းထုတ်ခဲ့
ဘာတွေဖြစ်ဖြစ် ငါခေါင်းညိတ်နေတော့ ငါငြိုငြင်ချိန်မှာ နင်ဆိုတာ ရန်သူပေါ့

နင့်နဘေးနား နေဖို့အတွက် လျှော့ဈေးနဲ့ငါပေးတိုင်းလည်းကွယ် အဟောင်းတန်းလေးထဲက အဝတ်တစ်ခုလို ငါ့အသ်ညးကို
ဈေးပေါတုန်း ခဏတာသုံးရအောင် ငါ့ရဲ့ဘဝတစ်ခုက China Made တော့မဟုတ်

ဟေ့လွယ်လွယ်လေးရခဲ့တော့ နင် လွယ်လွယ်လေးထားခဲပေါ့
လွယ်လွယ်လေးစွန့်ပစ်ပြီးတော့ အကောင်းစား အသည်းနှလုံးရဲ့ အဝေးကိုထွက်သွားတော့
နင်နောက်တစ်ယောက်ပြောင်းပြီးချစ်လိုက်တော့ ဟေ့ အဟောင်းကြီး ပြောပြီးထားခဲ့တော့ ငါ့ကို
နင်ထွက်သွားတော့ နောင်တမိုးစက်များအောက်ကို မင်းထွက်သွားပါတော့

ငါ့နှလုံးသားဟာ မင်းတစ်ယောက်အတွက် လို့ အကြိမ်ကြိမ် ပြောလည်း နင်နားကန်းနေတော့
အို တော်ပါတော့ ပျံချင်ရာကိုသာ အဆင်ပြေသလို နင်ပျံပါတော့ .. ဖြူစင်စွာပေးခဲ့မိတဲ့ အချစ်တို့အတွက်
ရင်နာစရာများပဲ ရရှိခဲ့တယ် နဲနဲလေးမှ နင်မချစ်တတ်ခဲ့ ... အချစ်ငတ်ခဲ့မိတဲ့ ငါ့ရဲ့အမှားပါကွယ်

နင့်နဘေးနား နေဖို့အတွက် လျှော့ဈေးနဲ့ ငါပေးတိုင်းလည်းကွယ်အဟောင်းတန်းလေးထဲက အဝတ်တစ်ခုလို ငါ့အသည်းကို
ဈေးပေါတုန်း ခဏတာသုံးပြီးနင်ငါလိုလူဆီကို ပြန်လာစရာမလိုဘူးဟေ့

ဟေ့လွယ်လွယ်လေးရခဲ့တော့ နင် လွယ်လွယ်လေးထားခဲပေါ့
လွယ်လွယ်လေးစွန့်ပစ်ပြီးတော့ အကောင်းစား အသည်းနှလုံးရဲ့ အဝေးကိုထွက်သွားတော့
နင်နောက်တစ်ယောက်ပြောင်းပြီးချစ်လိုက်တော့ ဟေ့ အဟောင်းကြီး ပြောပြီးထားခဲ့တော့ ငါ့ကို
နင်ထွက်သွားတော့ နောင်တမိုးစက်များအောက်ကို မင်းထွက်သွားပါတော့

ငါ့ကိုနင်မချစ်ခဲ့ အမြဲလိုနင်ရက်စက် နင့်အမြင်မှာ ငါဆိုတာ အလကားပဲ

Writer(s): ဝေလ