Sate Ku Yin Sar Oak
စိတ်ကူးယဉ်စာအုပ်
ရွှေထူး
အယ်လ်ဘမ်: စိတ်ကူးယဉ်စာအုပ်

အိပ်မပျော်ဘူး
မင်းစကားတွေကိုပြန်ကြားနေတယ်
ခံနိုင်ရေကုန်နေပြီ ငါ့နှလုံးသား
မမေ့ပါနဲ့ သုံးနှစ်တာဒီသံယောဇဉ်ကို
ပျော်ရွင်စရာတွေအကုန်လေထဲလွင့်
မင်းကသိပ်တော်တယ်
ငါ အသဲကွဲသွားပါတယ်
နင်ငါ့အပေါ်
အဆိပ်သုတ်နှုတ်ခမ်းနဲ့
အချစ်တွေကိုပေး
အမှားကြီးလုပ်လို့လားကွာ
မင်းဒီလောက်ပြတ်သားတာ
နေ့စွဲတွေ ပေါ့ပျက်ပျက်နဲ့
မလေးနက်တော့ပါ
ငါ အရင်လိုမပျော်ဘူး
မင်းမရှိလို့ငါတစ်ယောက်တည်း
သုံးမရလို့ပစ်ချထားခဲ့သလားလို့
ငါမေးလိုက်ချင်တယ်
ပုံပြင်လိုပဲ အခုထက်ထိကို
ငါမယုံချင်ခဲ့
ညရောက်တိုင်းလန့်လန့်နိုးနေတယ်
မင်းလက်ကလေးထိလို့ငါပြန်အိပ်ပါရစေကွယ်
မဖြစ်နိုင်ဘူး.. မဖြစ်နိုင်ဘူး..
ဒါဒါ ဒိဒါဒါ ဒါဒါ ဒိဒါဒါ
ဒါဒါ ဒီဒါ့ဒါ့ ဒါဒါ ဒီဒါဒါးးး
ငါလုံးဝဖျောက်ဖက်မရနိုင်
သေရာပါအလွမ်းတွေ
ဘယ်သူကနှစ်သိမ့်မှာလဲ
ဘယ်သူကဂရုစိုက်မှာလဲ
သူငယ်ချင်းများ ဝိုင်းဟားကြတော့
ငိုနေယုံပဲကွယ်
ငါလမ်းပျောက်ခဲ့ပါပြီ
နင်ကလှည့်လို့တောင်မကြည့်
အချစ်က ပျားရည်ဆို
ငါ့အတွက်တော့ခါးသလို
ဝီစကီတစ်ခွက်လောက်မှလုံးဝသစ္စာမရှိဘူး
အတိတ်မေ့သွားရင်ကောင်းမယ်
ရူးသွားရင်လဲကောင်းမယ်
ဟိုအဝေးမှာ မင်းစွန့်ပြစ်လိုက်တဲ့
အချစ်မျက်ကန်း
ငါ အရင်လိုမပျော်ဘူး
မင်းမရှိလို့ငါတစ်ယောက်တည်း
သုံးမရလို့ပစ်ချထားခဲ့သလားလို့
ငါမေးလိုက်ချင်တယ်
ပုံပြင်လိုပဲ အခုထက်ထိကို
ငါမယုံချင်ခဲ့
ညရောက်တိုင်းလန့်လန့်နိုးနေတယ်
မင်းလက်ကလေးထိလို့ငါပြန်အိပ်ပါရစေကွယ်
မဖြစ်နိုင်ဘူး.. မဖြစ်နိုင်ဘူး..
မဖြစ်နိုင်ဘူး............

Writer(s): ရွှေထူး