Da Kar Phwint Htarr Par Tal
တံခါးဖွင့်ထားပါတယ်
ရွှေထူး
အယ်လ်ဘမ်: စိတ်ကူးယဉ်စာအုပ်

ငါ့ဦးနှောက်အသိများလွမ်းနေတယ်
နှလုံးသားလေးဖာဖို့အပ်တွေဝယ်
စုတ်ပြတ်သွားပြီ ... ဘာကျန်သေးလဲ
ငါဆိုတာတောင် မရှိတော့သလိုပဲ
ခဏခဏငါဖုန်းဆက်တာတွေ မင်းမကြိုက်တော့မှန်းသိပါတယ်
မင်းပြောဖူးတယ် ငါဟာလူဆိုးတဲ့
အခုလိမ္မာနေပြီ ဘယ်သူ့ကြောင့်လဲ

မပြောင်းလဲပါကွယ်
မဟောင်းခဲ့ပါတကယ်
နင်မရှိလည်းငါ့ရဲ့ ရင်ခွင်ထဲမှာ
နင်သာအပိုင်ယူထားတယ်
မမှောင်ဖို့အလင်းတို့ ထွန်းပေးထားတယ်
ဝင်လာနိုင်ပါတယ် မစိုးရိမ်နဲ့
မင်းကြိုက်တတ်သော သီချင်းလေးတွေကို
ဂစ်တာလေးတီးပြပြီးတော့ Key များတည့်အောင်
ငါဆိုတတ်ပြီ ငိုစရာများရှိလို့ ပခုံးကင်းမဲ့ချိန်
လိုရောပြောပါ တံခါးဖွင့်ထားပါတယ် ...

နှလုံးသား ဘယ်လောက်များဆန့်လို့လဲ
တစ်ယောက်မက ထပ်ပြီးချစ်နိုင်တယ်
အပြစ်မတွေ့ခဲ့ပါ ငါနားလည်ပေးခဲ့
ဒဏ်ရာတွေက အခုအထိ ကိုက်တုန်းပဲ
သေမိန့်ကျနေသော အမှုသည်လို
မျှော်လင့်ချက်ကုန်ဆုံးခဲ့ပြီကို
အပြစ်မှ မရှိတာ တမင်အသုံးချသွားတာ
ဒါပေမယ့်လည်း ငါ့အချစ်တွေက ...

မပြောင်းလဲပါကွယ်
မဟောင်းခဲ့ပါတကယ်
နင်မရှိလည်းငါ့ရဲ့ ရင်ခွင်ထဲမှာ
နင်သာအပိုင်ယူထားတယ်
မမှောင်ဖို့အလင်းတို့ ထွန်းပေးထားတယ်
ဝင်လာနိုင်ပါတယ် မစိုးရိမ်နဲ့
မင်းကြိုက်တတ်သော သီချင်းလေးတွေကို
ဂစ်တာလေးတီးပြပြီးတော့ Key များတည့်အောင်
ငါဆိုတတ်ပြီ ငိုစရာများရှိလို့ ပခုံးကင်းမဲ့ချိန်
လိုရောပြောပါ တံခါးဖွင့်ထားပါတယ် ...

မဟောင်းခဲ့ပါတကယ်
နင်မရှိလည်းငါ့ရဲ့ ရင်ခွင်ထဲမှာ
နင်သာအပိုင်ယူထားတယ်
မမှောင်ဖို့အလင်းတို့ ထွန်းပေးထားတယ်
ဝင်လာနိုင်ပါတယ် မစိုးရိမ်နဲ့
မင်းကြိုက်တတ်သော သီချင်းလေးတွေကို
ဂစ်တာလေးတီးပြပြီးတော့ Key များတည့်အောင်
ငါဆိုတတ်ပြီ ငိုစရာများရှိလို့ ပခုံးကင်းမဲ့ချိန်
လိုရောပြောပါ တံခါးဖွင့်ထားပါတယ် ...

Writer(s): ရွှေထူး