Khin Lay Sein Tal
ခင်လေးစိမ်းတယ်
ဝေလ
အယ်လ်ဘမ်: မိတ်ကပ်မကြိုက်သောသီချင်းများ

ဒီလူကိုပစ်ပြီးတော့
ရွှေဘုံနန်းစံနေတော့
ဘင်ဂျိုကိုင်ပြီးမင်း အိမ်ရှေ့
အဆွေးဇာတ်ထုတ်ခင်းမယ်
ခင်လေး အတွက် မောင်ငိုမယ်
ဟေ့.......
ဓါတ်ရှင်မင်းသားကြီးအိုက်တင်မျိုးနဲ့

ဒီမောင်ရင်ကျိုးတော့ အကြိမ်ကြိမ် ကိုက်နေတာပေါ့
ဒါကိုခင်လေး သိလျက်အဝေး ပြေးထွက်လို့ သွားပြီ
အနာဂါတ်တွေပျက်ကုန်ပြီ
တစ်ပါးလူနှုတ်ခမ်းဆီ ပါးပြင်အပ်သွားတဲ့
အာ့ အာ့ မိခင်လေးရေမင်းဟာသိပ်စိမ်းတယ်

ဟိုးအတိတ်က ဇာတ်လမ်းလေး
အခုထက်ထိမမေ့ဘူးဟေ့
I Love You Never Leave You
မင်းပြောခဲ့သော ဒီစကားလေး
မောင့်ဘဝရဲ့လမင်းလေး
တစ်ခြားအရပ်သို့သူ အလင်းပေး
အော်အခုတော့ လမိုက်ညတွေ ဆက်တိုက်ဖြစ်လို့ မှောင်သွားပြီ......

ဘိုကေညှပ်ထားတော့
အပျိုတွေက ကြွေတာပေါ့
ဒါပေမယ့်လဲ အို ခင်လေးရယ် မင်းမှမင်းပဲကွယ်
ရင်နာနာနဲ့ ငါ့ပြောချင်တယ်.....
အရင်တုန်းကတော့ မောင့်ကို အချစ်ဆုံးတဲ့
အာ့ အာ့ အခုများကြတော့ သူစိမ်းလိုနင်သတ်မှတ်......

ဟိုးအတိတ်က ဇာတ်လမ်းလေး
အခုထက်ထိမမေ့ဘူးဟေ့
I Love You Never Leave You
မင်းပြောခဲ့သော ဒီစကားလေး
မောင့်ဘဝရဲ့လမင်းလေး
တစ်ခြားအရပ်သို့သူ အလင်းပေး
အော်အခုတော့ လမိုက်ညတွေ ဆက်တိုက်ဖြစ်လို့ မှောင်သွားပြီ......

Writer(s): ဝေလ