Ae Thel
ဧည့်သည်
တင်ဇာမော်
အယ်လ်ဘမ်: 7 Album

မနက်အာရုံတွေထဲ နိုးထ
အရင်လိုနေရာဟောင်းလေးမှာ
မျှော်လင့်ချက်တို့ အသစ်တဖန်
ပြန်လည်ပြီးတော့ ဖြစ်ပါမလား

ကိုယ့်အိမ်အပြင်မှာ တံခါးခေါက်သလား
ဝင်လာပါလို့ မပြောရက်ပါ
ဒီအိမ်လေးထဲ မင်းရဲ့အရင်
ပိုင်ဆိုင်သူတစ်ယောက် ရှိနှင့်ပြီးသား

ဘယ်လိုမှ ပြင်ဆင်လို့လည်း မရ
ငါ့ရဲ့အချစ်နဲ့ဘဝကိုလည်း
သိမ်းဆည်းပြီးတော့ထား
အိပ်မက်တွေကို မက်ဆဲလား
အခုတော့ မင်းပြန်ပါ
ပြောလို့ မထွက်နိုင်သေးတဲ့ခဏ

ကိုယ့်အိမ်အပြင်မှာ တံခါးခေါက်သလား
ဝင်လာပါလို့ မပြောရက်ပါ
ဒီအိမ်လေးထဲ မင်းရဲ့အရင်
ပိုင်ဆိုင်သူတစ်ယောက် ရှိနှင့်နေပြီးသား

ဘယ်လိုမှ ပြင်ဆင်လို့လည်း မရ
ငါ့ရဲ့အချစ်နဲ့ဘဝကိုလည်း သိမ်းဆည်းပြီးတော့ထား
အိပ်မက်တွေကို နင်မက်ဆဲလား
အခုတော့ မင်းပြန်ပါ
ပြောလို့ မထွက်နိုင်သေးတဲ့ခဏ

ဝင်လာပါခေါ်လို့ မဖြစ်တဲ့ဘဝ
ပြန်ပါကွယ် နှင်မပစ်ရက်တဲ့ ခဏ
တွေဝေစွာ ငါအခန်းလေးထဲမှာ

အိမ်ပြင်မှာ သူရပ်စောင့်နေလား
နာကျင်စွာ ကြေကွဲရင်း ခံစား
တွေဝေစွာ ငါ့အခန်းလေးထဲမှာ
တွေဝေစွာ...

ဘယ်လိုမှ ပြင်ဆင်လို့လည်း မရ
ငါ့ရဲ့အချစ်နဲ့ဘဝကိုလည်း သိမ်းဆည်းပြီးတော့ထား
အိပ်မက်တွေကို နင်မက်ဆဲလား
အခုတော့ မင်းပြန်ပါ
ပြောလို့ မထွက်နိုင်သေးတဲ့ခဏ

ဝင်လာပါခေါ်လို့ မဖြစ်တဲ့ဘဝ
ပြန်ပါကွယ် နှင်မပစ်ရက်တဲ့ ခဏ
တွေဝေစွာ ငါအခန်းလေးထဲမှာ

အိမ်ပြင်မှာ သူရပ်စောင့်နေလား
နာကျင်စွာ ကြေကွဲရင်း ခံစား
တွေဝေစွာငါ့အခန်းလေးထဲမှာ

ဝင်လာပါခေါ်လို့ မဖြစ်တဲ့ဘဝ
ပြန်ပါကွယ် နှင်မပစ်ရက်တဲ့ ခဏ
တွေဝေစွာ ငါအခန်းလေးထဲမှာ

အိမ်ပြင်မှာ သူရပ်စောင့်နေလား
ပြန်ပါကွာ နှင်မပစ်ရက်တဲ့ခဏ
ဒီအချိန်မှာ အဖြေမရှိပါ
တွေဝေစွာ...