Ma Chit Ya Buu Tae Lar
မချစ်ရဘူးတဲ့လား
ဝေလ
အယ်လ်ဘမ်: မချစ်ရဘူးတဲ့လား (Mini Album)

ချစ်မိတာကိုကိုယ့်အမှားလား
မင်းအမုန်းတွေရုပ်သိမ်းပေးပါ
ပြုံးမပြတော့ဘူးလား
လမ်းတွေ့ချိန်တိုင်းမှာအို
စည်းမစောင့်သလိုဖြစ်သွားသလား
မျိုသိပ်နိုင်စွမ်းမရှိလို့ပါ
သတ္တိရှိလို့ရှေ့တိုးတာမဟုတ်ရပါ
နင်နားလည်မှာပါ
မနေနိုင်လွန်းလို့အရဲစွန့်ပြောမိတာပါ
နင်ပြန်ပေးတဲ့ဆုက အမုန်းတခုပဲလား
နေ့တိုင်းနင်မသိပဲရူးခဲ့တာ
သူငယ်ချင်းမို့ချစ်သူမဖြစ်တော့ဘူးတဲ့လား
အနေကြာလာတော့ စိတ်ကမရိုးသားလာ
နင်ဟာကြိုးချင်းငြိဖို့လမ်းပြသူပါ
မြတ်နိုးစွာချစ်တယ်လို့ဖွင့်ပြောမိတဲ့ငါ့အဖြစ်ကို
မတန်ဘူးလို့ပြောကာစွန့်ပစ်ခဲ့လေသလား
ဟေး … ဟူး …
မပတ်သတ်ချင်တော့ဘူးလား
ဟိုးအတိတ်ကိုပြန်တွေးကြည့်ပါ
ကလေးဘ၀အရွယ်ကတည်းက
ခိုးလွမ်းနေရတာအို
စည်းမစောင့်သလိုဖြစ်သွားသလား
မျိုသိပ်နိုင်စွမ်းမရှိလို့ပါ
သတ္တိရှိလို့ရှေ့တိုးတာ မဟုတ်ရပါ
နင်နားလည်မှာပါ
မနေနိုင်လွန်းလို့အရဲစွန့်ပြောမိတာပါ
နင်ပြန်ပေးတဲ့ဆုက အမုန်းတခုပဲလား
နေ့တိုင်းနင်မသိပဲရူးခဲ့တာ
သူငယ်ချင်းမို့ချစ်သူမဖြစ်တော့ဘူးတဲ့လား
အနေကြာလာတော့ စိတ်ကမရိုးသားလာ
နင်ဟာကြိုးချင်းငြိဖို့လမ်းပြသူပါ
မြတ်နိုးစွာချစ်တယ်လို့ဖွင့်ပြောမိတဲ့ငါ့အဖြစ်ကို
မတန်ဘူးလို့ပြောကာ
စွန့်ပစ်ခဲ့လေသလား ဟေး … ဟူး …