A Yin Lo Pal A Yin A Tine Pal
အရင်လိုပဲ အရင်အတိုင်းပဲ
ရေဗက္ကဝင်း
အယ်လ်ဘမ်: City FM Anniversary 7

အလင်းရောင်လေးတွေ မင်းမြင်နိုင်ချိန်မှာ
မီးစာလေးလို ကျွမ်းလောင်နေတာငါ
လှေကားလေးလို ရင်ကိုနင်းတက်သွားလည်း
ကြည်ဖြူစွာ ငါက ... အဖြည့်ခံပါ

ငါ့ရဲ့အသည်းကို သုံးဆောင်ချိုမြိန်စွာ
ငါ့အချစ်များလိုအပ်သလို လာယူပါ
ဒီ ပေးဆယ်မှုထာဝရငါကမင်းအတွက်မွေးလာသလား
အနီးဆုံးရှိမယ် ဝေးလည်းမမေ့နိုင်ပါ

အချစ်ကြီးသူက ရှုံးတာပဲ ရှေးလူတွေ ဆုံးမကြတယ်
ဘယ်တတ်နိုင်မလဲ မင်းကိုပဲ
ငါ့ရင်မှာ အကြီးကြီးချစ်နေတယ်
အရင်လိုပဲ ငါအရင်အတိုင်းပဲ
ဘယ်ရောက်နေလဲ မသိတောင်မှ
ငါ့ရင်မှာ မင်းကရှိတယ်
အခါအခွင့်ကြုံရင် မင်းပြန်လာ
အချစ်တွေက အေးခဲမသွားနိုင်ပါ
အရင်လိုပဲ ငါ ... ရှိမှာပါ

ငါ့ရဲ့ပါးပြင်လေးကို ငါပြန်စမ်း
စွတ်စိုပြီးပူနွေးနေ ဒါဟာ အလွမ်း
ကြားခွင့်ရနိုင်မလား .... မုသားဖြစ်ဖြစ် နှစ်သိမ့်စကား
အချစ်တစ်ခုနဲ့ အကုန်လဲခဲ့ရသူပါ

အချစ်ကြီးသူက ရှုံးတာပဲ ရှေးလူတွေ ဆုံးမကြတယ်
ဘယ်တတ်နိုင်မလဲ မင်းကိုပဲ
ငါ့ရင်မှာ အကြီးကြီးချစ်နေတယ်
အရင်လိုပဲ ငါအရင်အတိုင်းပဲ
ဘယ်ရောက်နေလဲ မသိတောင်မှ
ငါ့ရင်မှာ မင်းကရှိတယ်
အခါအခွင့်ကြုံရင် မင်းပြန်လာ
အချစ်တွေက အေးခဲမသွားနိုင်ပါ
အရင်လိုပဲ ငါ ... ရှိမှာပါ

ချစ်မိတော့ အပျော်တွေ အငိုတွေ ... မငြင်းဆန်ုနိင်ပြီ
တွေ့ရမည့်အချိန်အခါ အခြေအနေ
ငါ့ရဲ့မျှော်လင့်ချက် မြက်ပင်လေး
လွှတ်မချနိုင်သေး
တွယ်တာခြင်းခိုင်မာစွာ
ဟိုအရင်လို မင်းကိုချစ်လျက်သာ ... အိုး ... ရေး.....

အချစ်ကြီးသူက ရှုံးတာပဲ ရှေးလူတွေ ဆုံးမကြတယ်
ဘယ်တတ်နိုင်မလဲ မင်းကိုပဲ
ငါ့ရင်မှာ အကြီးကြီးချစ်နေတယ်
အရင်လိုပဲ ငါအရင်အတိုင်းပဲ
ဘယ်ရောက်နေလဲ မသိတောင်မှ
ငါ့ရင်မှာ မင်းကရှိတယ်
အခါအခွင့်ကြုံရင် မင်းပြန်လာ
အချစ်တွေက အေးခဲမသွားနိုင်ပါ
အရင်လိုပဲ ငါ ... ရှိမှာပါ

နှလုံးသား .... အရင်အတိုင်းပဲကွာ ......