Min Ta Mee Net Kya Naw
မင်းသမီးနဲ့ကျွန်တော် (feat. အိမ့်ချစ်)
G Fatt
အယ်လ်ဘမ်: Shwe FM 6th Anniversary

အိပ်ရာထတာနဲ့ လုပ်နေကြအလုပ်တွေ ကျုပ်ရှောင်ခွင်ပြီး
သူ့ဆီဖုန်းဆက် မျက်နှာသစ်ပလုပ်တောင်မကျင်းမိ
တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုတွေအပြည့်
ချုပ်နှောင်ခြင်းမရှိ ကျွန်တော်က သာမန်လူပါ သူမက သရုပ်ဆောင်မင်းသမီး

နင်ကံဆိုးတာပဲ နင်ဘဲကငရှုတ် ငပွေဖြစ်နေတော့
အဲ့လိုသူဘေးက မင်းသားတစ်ချို့ သူပုတ်လေလွင့်နေပြော
ကိုယ်မှန်ရက်ပြီးတာပဲ ဘာမှ ကျုပ်ဖြေရှင်းမနေတော့
နေ့စဉ် အချစ်နွံထဲမှာ ရုန်းလေနစ်လေပေါ့
အမြင်ကတ်တယ်သူကိုကြောင်တဲ့ မော်ဒယ်ကောင်လေးတွေနဲ့
မိတ်ကပ်ဆရာဂျော်ကယ်အခြောက် Gay တွေလဲ သူတစ်ဘဝလုံး ပိုင်မဲ့နေ့ကို မျှော်မယ်
ဘယ်လောက်ဝေးပါစေ လက်ထပ်ခွင့်လေးတောင်းဖို့အတွက်တော့
ကျွန်တော်တကယ်နှောင်နှေးနေတယ်

ဘာမှ ငါအတွက်စိတ်မချဖြစ်မနေစမ်းပါနဲ့
တကယ်အကြင်နာမှန်ရင် အားလုံးဖြတ်ကျော်နိုင်တယ်
ငါကတော့ နင့်ရဲ့အချစ်ကို အကြွင်းမဲ့ပြီးယုံတယ်
အလိုလို သိမ်ငယ်စရာတွေခေါင်းထဲမတွေးပါနဲ့
ကင်မရာစလိုက်မီးရောင်တွေအောက်မှာ ဟန်ဆောင်မှုများကောင်းလည်း
မင်းရှေ့ရောက်ရင် ငါရိုးသားတယ် တီဗီ ဖန်သားပြင်တွေထက်မှာ အိုက်တင်တွေ အပြည့်ထုတ်လဲ
မင်းရဲ့ရှေ့ဆိုငါကလေးလေးပဲ တစ်ခါတစ်လေ ဖုန်ပြောရင် လိုင်းမကောင်းလို့ ပီပြင်စွာ
ဒါကြောင့်ငါ MPT ကို ကျိန်ဆဲတော့ရယ်ချင်မှာလား အမြဲစောင့်ကြည့်ပါတယ်
သူရုပ်လေး TV အစီအစဉ်မှာပြ မှတ်မိလားချစ်သူဖြစ်တဲ့ ၂၄ ရက် December လ အနုပညာဘာသာမှာ
ဝါသနာထန်တဲ့ဘွဲ့ပေးမယ်ဆို ကျွန်တော့်ချစ်သူ ကမ္ဘာမှာစံပဲ တကယ်
ဒီငတုံးက နားမလည်ဘူး အရာရာ ညဏ်နည်းလည်း အောင်မြင်မှုဆိုတာ
သူမအတွက်တော့ ဗလာမပါကံစမ်းမဲ အချစ်ကရည်တွက်လို့မရတဲ့ မြူမှုံတွေလား
စိုးရိမ်စိတ်တို့က ဖို့ထားတဲ့ မီးလို မပူရုံအနေအထား
ဖုန်းဆက်လို့မရတဲ့ နေရာတွေရောက်လဲ သတင်းတော့လူကြုံတွေပါး
ငါမေတ္တာက မင်းဘဝတစ်လျှောက်လုံးအတွက်ဖူလုံစေမှာ

ကင်မရာစလိုက်မီးရောင်တွေအောက်မှာ ဟန်ဆောင်မှုများကောင်းလည်း
မင်းရှေ့ရောက်ရင် ငါရိုးသားတယ် တီဗီ ဖန်သားပြင်တွေထက်မှာ အိုက်တင်တွေ အပြည့်ထုတ်လဲ
မင်းရဲ့ရှေ့ဆိုငါကလေးလေးပဲ ရင်ခွင်ထဲခေါင်းလေးတိုးပြီးချွဲယုံနဲ့
ငါလိုသမျှအားလုံးမင်းဖြည့်ဆည်းရမယ် ဘဝတစ်သက်လုံးစာပဲ
ကဲ စူပါစတားရယ် ခင်ဗျားလေးပူဆာသမျှဝယ်
အထက်တန်းမဟုတ်တောင် မနိမ့်စေရဘူး
လူတကာဘဝထက် စိတ်ကောက်ရင် အရှုံးပေးလို့ အလံဖြူငါပြမယ်
ငြိမ်းချမ်းခြင်းတွေ ကို အတူရှာကြမယ်လွမ်းရမယ်အချိန်တွေ အမုန်းဆုံးပဲ
ဘဝမှာ နမိတ်မရှိနမာမရှိ ငါသုံးနှုန်းတဲ့စကားက
နင့်ကို ဆုံးရှုံးခဲ့ရမှာ တွေးမိယုံနဲ့ စိတ်ဒုက္ခရောက်
အိပ်ယာထဲဘုံးဘုံးလဲ သွားတာ ဗေဒင်နခတ်တွေ မလေ့လာတတ်လို့ တကယ်ဆို အရမ်းပဲ ကြိုသိချင်တယ်
ရှေ့အနာဂါတ်ကို ဘဝက ရုပ်ရှင်လိုမဟုတ်တော့ အသည်းယားခေါင်းစားပြီး
ဇာတ်သိမ်းခန်းရောက်ရင် ကွဲမလား ပေါင်းမလားမသိ

ကင်မရာစလိုက်မီးရောင်တွေအောက်မှာ ဟန်ဆောင်မှုများကောင်းလည်း
မင်းရှေ့ရောက်ရင် ငါရိုးသားတယ် တီဗီ ဖန်သားပြင်တွေထက်မှာ အိုက်တင်တွေ အပြည့်ထုတ်လဲ
မင်းရဲ့ရှေ့ဆိုငါကလေးလေးပဲ ရင်ခွင်ထဲခေါင်းလေးတိုးပြီးချွဲယုံနဲ့
ငါလိုသမျှအားလုံးမင်းဖြည့်ဆည်းရမယ် ဘဝတစ်သက်လုံးစာပဲ

ခေငါးလေးတိုးပြီးတော့ ချွဲတော့ပါ
ဘယ်လောက်ပဲဖြစ်ဖြစ် ဖြည့်ဆည်းပေးမယ် ကပ်စေးတွေ မနည်းတော့ပါ
နောက်လည်း ဘဝကို ရင်ဆိုင်ဖို့ သရဲဘောကြောင်းသတဲ့
အဲ့လိုကျွန်တော့်ကို သူအမြဲပြောကာလှောင်တယ်
အတူတူလျှောက်လည် ခဲ့တဲ့ ဘန်ကောက်မြို့ကပျော်စရာကောင်းတဲ့အချိန်တွေ
ပြန်ဖျောက်လို့ မရ ညအိပ်ရာဝင်တိုင်း အမှတ်တရအမြဲတွေး
မင်းရောမှတ်မိသေးလား အဲ့နေ့တွေကို