A Nee Sone Yan Thu
အနီးဆုံးရန်သူ
ဝေလ
အယ်လ်ဘမ်: အဓိပတိဖွား

လိုချင်တာတွေ အကုန်သာ နင်ယူသွားပါ ငါ့အတွက် တစ်ခုတော့ ဆုတောင်းပေးခဲ့လိုက်ပါ
နောင်သံသရာမှာ အချစ်အကြောင်းမသိတဲ့လူသား ... ဝဋ်ကြွေးရှိသမျှကြေပါ တစ်ခုသာ

ငါသေသေချာချာ တည်ကြည်စွာ ချစ်ထားသမျှနောက်ကျောက မင်းထိုးတဲ့ဓားက ဈေးပေါလိုက်တာ
ငါနာကျဉ်ပါစေ တန်ဖိုးမရှိတဲ့ ဒီဓါးကို နင်ပြန်လည်ကာ နှုတ်လို့ယူသွား
ရှိသမျှ အကုန်ပုံအပ်ကာ ရူးမိသူ ရင်ကို စုံကန်ထွက်သွားပါ

နေ့တိုင်း စာအုပ်တွေ နေ့စဉ်ဖတ်ပါတယ် ဟာသတွေကြည့်နေခဲ့သော်လည်း
ဆယ့်ငါးမိနစ်ကျော်လာရင် အလိုလို လွမ်းလာတယ်
ဆန္ဒကို ဘရိတ်အုပ်ထားပါတယ် ဆင်ခြင်ရင်းငါ စိတ်တွေ ဖြေခဲ့
အနီးဆုံးရန်သူကို မကြွေတာကောင်းပါတယ်

လူတွေအမြင်မှာ နင်ဟာ ဗန္ဓုလ ငါ့အတွက်ကျတော့ နင်က သွေးနည်းလိုက်တာ
မယ်သီတာလို စိတ်မျိုးမရှိတဲ့နင်က အလိုတူစွာ ဒဿအလိုကျဖြည့်ဆည်းပါ

အကြင်နာမှန်ရင်တကယ်ကို ချိုလိုက်တာ ... နောင်တနဲ့ မင်းတွေ့ချိန်မှ မလွမ်းနဲ့တော့ကွာ
ငါလိုလူမှာတစ်ခုတည်း ထိန်းသိမ်းချင်တာ မာနနဲ့သိက္ခာတရား .... ထွက်သွားပါ

ဖြူစင်ခဲ့သမျှ အမည်းစက်တွေကိုသာ နင်လေ အမွေပေးသွား .....

နေ့တိုင်း စာအုပ်တွေ နေ့စဉ်ဖတ်ပါတယ် ဟာသတွေကြည့်နေခဲ့သော်လည်း
ဆယ့်ငါးမိနစ်ကျော်လာရင် အလိုလို လွမ်းလာတယ်
ဆန္ဒကို ဘရိတ်အုပ်ထားပါတယ် ဆင်ခြင်ရင်းငါ စိတ်တွေ ဖြေခဲ့
အနီးဆုံးရန်သူကို မကြွေတာကောင်းပါတယ်

Writer(s): ဝေလ