Min Shi Tae Myo
မင်းရှိတဲ့မြို့
မျိုးကြီး
အယ်လ်ဘမ်: ပြောင်းလဲခြင်းများ

အမှတ်မထင်ဘဲ
ဒီမြို့ငယ်လေးမှာ ဆုံခဲ့
မင်းကိုပဲ
ငါတစ်သက်စာ ဆု တောင်းမိတယ်
ဘယ်တော့ပြန် တွေ့မယ်။

မသိနိုင်လည်း
စိတ်ထဲမှာတော့ ယုံကြည်ဆဲ
တနေ့မှာတော့
ငါတို့တွေ ဆုံ စည်းရမယ်
နင်မမေ့လိုက်နဲ့။

နေဝင်ရင် ငါတို့ခွဲရမယ်
အိမ်ပြန်ချိန် ခဏလေး
နှုတ်ဆက်ချိန် ရောက်လည်း
တို့နှစ်ယောက်လုံးအတွက် အမှတ်တရ ဖြစ်မယ်။

ငါ့ရဲ့အသည်းတစ်ခြမ်း မင်းဆီချန်ပြီး
ဒီမြို့လေးရဲ့အဝေး....
ငါပြန်သွားတဲ့အခါ
နင်မမေ့ဖို့ရာ
ခဏလောက်ဆက်သိမ်းထားပါ။

တနေ့နေ့မင်းလေးရှိရာမြို့ထဲ
ငါရောက်လာမယ်
ယုံကြည်ထားဆဲပါ
ငါ့အသည်းတစ်ခြမ်းဟာ
မင်းရဲ့အချစ်များနဲ့ ရှင်နေဦးမှာ။

ညနေဖက် ဆို ငှက်ငယ်လေးတွေကြည့်ပြီး
မင်းဆီအရောက် ပြန်ဝဲလာချင်တဲ့စိတ်တွေ
ငါထိန်းမရခဲ့။

အိပ်မက်ထဲ
ငါနင့်ဆီအမြဲပြန်လာတယ်
မြို့ငယ်လေးမှာ
တို့တွေ ဆုံတွေ့ကြမယ်
တကယ်တော့ ဝေးဆဲ။

နေဝင်ရင် ငါတို့ခွဲရမယ်
အိမ်ပြန်ချိန် ခနလေး
နှုတ်ဆက်ချိန် ရောက်လည်း
တို့နှစ်ယောက်လုံးအတွက် အမှတ်တရ ဖြစ်မယ်။

ငါ့ရဲ့အသည်းတစ်ခြမ်း မင်းဆီချန်ပြီး
ဒီမြို့လေးရဲ့အဝေး....
ငါပြန်သွားတဲ့အခါ
နင်မမေ့ဖို့ရာ
ခဏလောက်ဆက်သိမ်းထားပါ။

တနေ့နေ့မင်းလေးရှိရာမြို့ထဲ
ငါရောက်လာမယ်
ယုံကြည်ထားဆဲပါ
ငါ့အသည်းတစ်ခြမ်းဟာ
မင်းရဲ့အချစ်များနဲ့ ရှင်သန်နေမယ်။

တို့နှစ်ဦးအချစ်တို့ ရှိရာမြို့လေးထဲ
ငါလဲ တနေ့တော့ အရောက်ပြန်လာမယ်
မင်းအတွက် ... ။

ငါ့ရဲ့အသည်းတစ်ခြမ်း မင်းဆီချန်ပြီး
ဒီမြို့လေးရဲ့အဝေး ...
ငါပြန်သွားတဲ့အခါ
နင်မမေ့ဖို့ရာ
ခဏလောက်ဆက်သိမ်းထားပါ။

တနေ့နေ့ မင်းလေးရှိရာမြို့ထဲ
ငါရောက်လာမယ်
ယုံကြည်ထားဆဲပါ
ငါ့အသည်းတစ်ခြမ်းဟာ
မင်းရဲ့အချစ်များနဲ့ ရှင်နေဦးမှာ။

ယုံကြည်ထားဆဲပါ
ငါ့အသည်းတစ်ခြမ်းဟာ
မင်းရဲ့အချစ်များနဲ့ ရှင်နေဦးမှာ......။ ။