Pyi Pa Toh Pay Sar (Last Version)
ပြည်ပသို့ပေးစာ (Last Version)
G Fatt
အယ်လ်ဘမ်: G Fatt Collection

ဒီနိုင်ငံက နင်ထွက်သွားတော့မယ်ဆို...
အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးထဲ ငိုလို့
ဒီနိုင်ငံက နင်ထွက်သွားတော့မယ်ဆို ....
အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးထဲ ငို လို့......

Bye Bye ... Bye Bye .... Bye Bye .... Bye Bye
Bye Bye .... Bye Bye .... Bye Bye .... Bye Bye
Bye Bye .... Bye Bye .... Bye Bye .... Bye Bye
Bye Bye .... Bye Bye .... Bye Bye .... Bye Bye

ချစ်သူတွေလဲ မဟုတ်ပါ ငါတို့ သူငယ်ချင်းတွေထက်ပို
အဲ့လိုဖြစ်အောင် ငါ့ကို ကြွေအောင်တကယ် နင်းခြွေတတ်လို့
နင်အားရင် အပျင်းပြေ ဖတ်ဖို့ Email တွေပို့ထားမယ်
ဟိုမှာ အခြေ အနေဘယ်လိုများလည်း
ရည်းစားရပြီလား ပြောနော် ငါ့တို့ကို မရှိုထားနဲ့
သူ့ရည်ရွယ်ချက် က ရေမြေခြားမှာ ပညာရှာဖို့
ပြီးရင် ကိုယ့်တိုင်းပြည်ကို ပြန်ပြီး အကျိုးပြု ချင်တာပါဆို
ချီးကျူးပါတယ်သူငယ်ချင်းရယ် ငါ့ မှာ ရင်နာနာမို့
ဟိုမှာ ဘယ်သူနဲ့ တွေ့တွေ့ အမြဲ နှုတ်ဆက်နော် မင်္ဂလာပါလို့
တစ်ပတ်တစ်ခါ ဖုန်းဆက်ရင်းနဲ့ လွမ်းလို့ အတူငိုမိတယ်
ဟန်ဆောင်ပြီး ထမရီ ပါနဲ့ နင့်အကြောင်းငါ့ထက် ဘယ်သူပိုသိမလဲ
သူမရှိတုန်းလမ်းသွား လမ်းလာ ကောင်မလေးတွေ ကို ကြူသလို မကြည့်နဲ့
စိတ်ချ ငါကနင်ပြန်လာမဲ့ အချိန်ထိ လူပျိုကြီးပဲ ... ရေ.....
ရန်ကုန်မြို့ မှာမိုးတွေ မှိုင်း ပြပြရွာရင်
အလွမ်းတွေ လှိုင်းထကြ နှိုင်းစမရ နာကျင်
ရိုင်းသွားသမျှ ရာဇဝင် တွေလို တိုင်းတစ်ပါးသား ရှာမချစ်ဖို့ ငါတို့ သူငယ်ချင်းတွေ ဝိုင်းတားကြမှာ အသင့်

သူ့နှလုံးသား ငါ့ တစ်ယောက်တည်း အမြစ်တွယ်
တစ်သက်လုံးအတွက်အဟောင်းတဲ့ စကားဖြစ်မယ်
နေလို့မှ ကောင်းရဲ့လား အချစ်ရယ်
အရမ်းသတိရနေတယ်
ဟန်ဆောင်တတ်တဲ့ အပြုံးတွေရဲ့ အောက်ဝယ်
နေသားကျသွားမှာလဲ ကြောက်တယ်
အားလုံး စောင့်နေတယ် ယုံကြည်ရင်
နင်အမြန်ပြန်လာ ကွယ် ...... နေလို့မှကောင်းရဲ့လားအချစ်ရယ်.....

ကျွန်တော်တို့ သူငယ်ချင်းတွေဆုံရင် ပြောတာ သူ့အကြောင်းပါပဲ
သူတို့ သူငယ်ချင်းတွေဆုံရင် ပြောတာ ဘယ်သူ့အကြောင်းပါလဲ
နင်ကျန်းမာပါစေ အိတ်ကပ်လေးထဲ မှာ ဆုတောင်းစာထည့်
ကြိုးလေးချီပြီး လေထဲလွှတ်ဖို့ မိုးပျံဘူဘောင်းရှာဝယ်
အိုး ... ရပ် ... ဒီနေ့တော့ တစ်နေကုန်ကြွေပြီပေါ့ နင့်......
မွေးနေ့ .... ငါရောက်တယ် ရွှေတိဂုံ စေတီတော်.....
အဲ့မှာ ပန်းတွေနဲ့ ဆီမီး နဲ့ လှူပြီးကပ် ကုသိုလ်ယူ ခိုတွေလဲ အစာတွေကျွေး အမျှဝေတော့
ဘုံဘဝ စုံမက သတ္တဝါတွေနဲ့ နင်အပါအဝင် ခုနှစ်ရက်သားသမီးလဲ ရစေတော့
နောက်လဆိုရင် Show တွေရှိတယ် မျှော်စင်ကျွန်းထဲမှာ
သဲထဲ ရေသွန်ဖြစ်ပြီ နင်နဲ့တူ ပျော်ချင်လွန်းခဲ့သမျှ
တစ်ခြားသူငယ်ချင်းတွေ ထက်ကို ပိုပြီး အဖော်မင်လွန်းတဲ့ငါ
အညံ့တွေပျောက်အောင်ခေါင်းလျှော်ပစ်မယ်တရော်ကင်ပွန်းနဲ့ကွာ
လောကဓံရိုက်ချက်တွေကြားထဲ
တစ်ခါတစ်လေ Side Effect တွေ များလဲ
တစိုက်မက်မက် စာပဲကြိုးစားပါ Night Club​ တွေ မသွားနဲ့
နောက်ဆုံးမှာချင်တာက ဘယ်နေရာ ရောက်ရောက် မြန်မာဆိုတာ မမေ့ဖို့
ပြန်လာမယ်ဆို ငါထိပ်ဆုံးက လာကြိုမှာ အပြေးလေး

သူ့နှလုံးသား ငါ့ တစ်ယောက်တည်း အမြစ်တွယ်
တစ်သက်လုံးအတွက်အဟောင်းတဲ့ စကားဖြစ်မယ်
နေလို့မှ ကောင်းရဲ့လား အချစ်ရယ်
အရမ်းသတိရနေတယ်
ဟန်ဆောင်တတ်တဲ့ အပြုံးတွေရဲ့ အောက်ဝယ်
နေသားကျသွားမှာလဲ ကြောက်တယ်
အားလုံး စောင့်နေတယ် ယုံကြည်ရင်
နင်အမြန်ပြန်လာ ကွယ် ...... နေလို့မှကောင်းရဲ့လားအချစ်ရယ်.....

အလုပ်ကို ကြိုးစားနေပြီဗျို့
လေယာဉ်ပြန်ကြီးစီးပြီး နင့်ဆီလာလည်မလို့
အလုပ်ကို ကြိုးစားနေပြီဗျို့
တော်ကြာအထင်သေးပြီးတော့ နင်ထားခဲ့မှာစိုး
အလုပ်ကို ကြိုးစားနေပြီဗျို့
လေယာဉ်ပြန်ကြီးစီးပြီး နင့်ကိုပြန်ခေါ်မလို့
အလုပ်ကို ကြိုးစားနေပြီဗျို့
တော်ကြာ အရည်အချင်းမရှိလို့ နင်ထားခဲ့မှာစိုး

ကျွန်တော့်အမှားတွေ သူ့ကိုပြန်သွားမတိုင်ပါနဲ့
လူချင်းမတွေ့လဲ အသံကြားနိုင်တာပဲ
ကျွန်တော့်အမှားတွေ သူ့ကို ပြန်သွားမတိုင်ပါနဲ့
သူစိတ်ဆိုးလို့ ဖုန်းမကိုင်ရင်မခံစားနိုင်ပါတကယ်
ဖုန်းပြောရင် သီချင်းတွေ ဆို ပြလျှက်ပေါ့ဗျာ
သူ့ရင်ခွင်မဟုတ်ရင် မခိုနားတတ်တော့ပါ
ဖုန်းပြောရင်း သီချင်းတွေ ဆိုပြလျှက်ပေါ့ဗျာ
ပြန်လာရင် အရင်လို ဗိုလ် ကျား သေနတ် ဆော့မှာ......

Writer(s): G Fatt