Inn Lay Mhar Ywar Tae Moe
အင်းလေးမှာရွာတဲ့မိုး
နီနီခင်ဇော်
အယ်လ်ဘမ်: Padamyar FM

တောင်တွေ ကာရံထားတဲ့ အလယ်မှာ အင်းလေးရေပြင်ပြာ
လှေငယ်လေး တစ်စင်း တရွေ့ရွေ့ လွန့်လူးလာ ထိုစဉ် မိုးကောင်းကင်မှာ
မှောင်ရီမည်းနက်အရိပ်ချယ်ကာ
လှေရှင်လေး တယောက်ထဲ အလွမ်းတေး ငြီးလို့သာ ကမ်းစပ်ကို သူလှော်ခတ်လာ
ထိုစဉ် မိုးတွေ မည်းမှောင် ရီကာ သည်းသည်း ရွာပြီတစ်ခါ
လှေငယ်လေးတော့ ကမ်းစပ်ရဲ့ အဝေးမှာ
ရေပြင်လှိုင်းများ ခက်ထန်ကာ မမြင်နိုင်စွမ်းတဲ့ ကမ်းခြေအလာ
လှေရှင်လေး တစ်ယောက်ထဲ အချစ်နဲ့ ကင်းဝေးရှာ မိုးမင်းရယ် ညှာတာလိုက်ပါ

အင်းလေးမှာ ရွာတဲ့မိုးရယ်
အင်းလေးမှာ ရွာတဲ့မိုးရယ်
တိတ်လှည့်ပါ တိတ်လှည့်ပါ
အလွမ်းအထီးကျန် အဖော်မဲ့ သူ့ကမ္ဘာ
တွေးမိလာ အကယ်၍များသာ
လှေဦးထပ်မှာ ကြင်နာသူလေး ပါလာခဲ့ရင်
သူဒီလောက် အားငယ်မယ်မထင်ပါ

ကြင်နာမယ့်သူ မရှိနိုင်ခင်မှာ သူ့အတွက် အဖော်မွန်ဟာ ရေပြင်ထက်က မိုးစက်မှုန်များသာ
ပြာရီမှိုင်းတဲ့ ကောင်းကင်မှာ
လှေရှင်လေးအတွက် မိုးတွေ ရွာညှာတာပါမိုးရယ်
အလွမ်းများနဲ့ သူ့ဘဝမှာ မိုးပဲ သူ့အချစ်ဆုံးပါ

အင်းလေးမှာ ရွာတဲ့မိုးရယ်
အင်းလေးမှာ ရွာတဲ့မိုးရယ်
တိတ်လှည့်ပါ တိတ်လှည့်ပါ
အလွမ်းအထီးကျန် အဖော်မဲ့ သူ့ကမ္ဘာ
တွေးမိလာ အကယ်၍များသာ
လှေဦးထပ်မှာ ကြင်နာသူလေး ပါလာခဲ့ရင်
သူဒီလောက် အားငယ်မယ်မထင်ပါ

ရေပြင်ထက် မှာ အထီးကျန်တစ်ကိုယ်ရေ လွမ်းလို့ မဖြေနိုင်တာ
လှေရှင်လေးရဲ့ အားမလျှော့ပါနဲ့ကွာ
မိုးကိုလည်း မချစ်စေချင်ပါ အားမငယ်ပဲ ဆက်ကာလှော်ပါ လှေငယ်လေးထက်မှာ
တစ်နေ့နေ့တော့ ဘဝရဲ့ အဖော်အားပေးမည့်သူ ပေါ်လာလိမ့်မှာ

Writer(s): ကိုင်ဇာ