8 Days, 8 Months , 8 Hours
၈ ရက် ၊ ၈ လ ၊ ၈ နာရီ (feat. ရွှေထူး)
G Fatt
အယ်လ်ဘမ်: G Fatt Collection

လူလိုမဟုတ်တော့ဘူး ငါ့အတွေးတွေ
နာရီလက်တံလေး ကို ငေးနေ
စိတ်နာလွန်းဖို့ ကောင်းနေတုန်းလား ဘေးဘေ
အပြင်မှာမိုးတွေမဲလို့သည်း
ခံနိုင်ရည်မရှိပါအသည်းတွေ ကွဲ
အခုတော့ မထူးတော့ .......
နင်မုန်းလို့သွားတော့လေ....
နှုတ်ခမ်းကပြုံးနေပေမဲ့ရင်ဘက်က ငိုနေတုန်းပဲ
ရင်ဘက်က မျက်ရည်တွေအတွက် မျက်လုံးက ဟန်ဆောင် ကောင်း.....နေ
ဦးနှောက်အသိဉာဏ် တွေလဲ ငါထုတ်ပစ်ချင်ပေမဲ့လည်း ......
နင့်အကြောင်းတွေ ..... နှလုံးသားထဲက အမာရွတ်စွဲဆဲ
ငါဘယ်လိုနေရမလဲ ....
ငါဘယ်လိုနေရမလဲ ....
ငါဘယ်လိုနေရမလဲ .... နှလုံးသားထဲက အမာရွတ်စွဲဆဲ ...
ငါဘယ်လိုနေရမလဲ
ငါစိတ်ပူတယ်သိလား......
ဘယ်နေရာမှာ ဘယ်သူနဲ့ရှိလို့နေမှာလဲ .....
ဒီအချိန်မျိုးဆို .....
ဆုတောင်းပြီးငါတို့.....
ဘုရားတရားမမေ့နဲ့အချစ်ရေ ဘယ်နေရာရောက်ရောက်
ငါတို့ ဘုရားဟောတဲ့အတိုင်းဆို ဝဋ်တွေလည်မှာ တောက်လျှောက်
အဲ့တော့လူတိုင်းပေါ်ကို စာနာစိတ်မွေး နင်မုဒိတာထား
နင့်ကိုထိုးတဲ့လက်ညိုးအတွက်ငါ အင်္ဂုလိမာလ
နင်တစိမ်းတွေ ရဲ့ ကြားထဲ........
အရင်လို ငါနင့်ဘေးနား လက်တွဲပြီးရင်ဆိုင်ချင်တယ်..... ဟိုး... ဟိုး....
တ်ခမ်းကပြုံးနေပေမဲ့ရင်ဘက်က ငိုနေတုန်းပဲ
ရင်ဘက်က မျက်ရည်တွေအတွက် မျက်လုံးက ဟန်ဆောင် ကောင်း.....နေ
ဦးနှောက်အသိဉာဏ် တွေလဲ ငါထုတ်ပစ်ချင်ပေမဲ့လည်း ......
နင့်အကြောင်းတွေ ..... နှလုံးသားထဲက အမာရွတ်စွဲဆဲ
ငါဘယ်လိုနေရမလဲ ....
ငါဘယ်လိုနေရမလဲ ....
ငါဘယ်လိုနေရမလဲ .... နှလုံးသားထဲက အမာရွတ်စွဲဆဲ ...
ငါဘယ်လိုနေရမလဲ
နင်နဲ့ပြတ်ပြီးကတည်းက ဘယ်သူနဲ့မှလည်း မငြိစွန်းပါ ငါ
ဒီကိုယ့် စာသား နင့်တစ်ယောက်တည်းအတွက်ရည်ညွှန်းတာပါ
နင်ပူစာတဲ့အရာကို အိမ်က ပိုက်ဆံခိုးဝယ်ခဲ့ဖူး
နင့်ရဲ့ အမျိုးအနွယ်လဲ မမူ
သစ္စာတရားကို ကိုးကွယ်ခဲ့သူ
ခင်ဗျားကို သိပ်ချစ်သတဲ့ မလိမ်ဘူးပါးစပ်က
ဘုရားဆူးမိုးကြိုးပစ်လို့ကို ကျိန်ဖူးတတ်တာ
အဲ့လို အရမ်းပျော်ဖို့ ကောင်းတဲ့ အချိန်တစ်ခုကို အမှတ်ရ
ကျုပ်က ဖြစ်ချင်ခဲ့တာ သူမရဲ့ အိမ်ဦးနတ်ဘုရား
ပန်လာပါ .... နင်ကြိုက်တဲ့ ရေမွှေးလဲ ဝယ်ထားတယ်
နံရံမှာ ..... နင်ကြိုက်တဲ့ ဆေးလေးနဲ့ချယ်ထားတယ်
ကံဇာတာ .... မကောင်းတဲ့ နိမိတ်ဆိုးတွေ ဖယ်ရှားကွယ်
မအားလည်း နင့်သူငယ်ချင်းတွေ ဆီကို အလည်သွားမယ်
ရထားနဲ့သံလမ်းလိုသွား ရပ်ရာမရှိ
ငါမရှိလည်း နင်ဖြစ်တယ်ဆိုပြီးကံစမ်းမလို့လား
နင့်အချစ်က နေမင်းအလင်းရောင်လို ဖိတ်စင်ကျခဲ့
မနွေးထွေးအောင် အရိပ်ထင်ရမယ်
ကျန်တာဖယ် စိတ်မဝင်စားခဲ့
တ်ခမ်းကပြုံးနေပေမဲ့ရင်ဘက်က ငိုနေတုန်းပဲ
ရင်ဘက်က မျက်ရည်တွေအတွက် မျက်လုံးက ဟန်ဆောင် ကောင်း.....နေ
ဦးနှောက်အသိဉာဏ် တွေလဲ ငါထုတ်ပစ်ချင်ပေမဲ့လည်း ......
နင့်အကြောင်းတွေ ..... နှလုံးသားထဲက အမာရွတ်စွဲဆဲ
ငါဘယ်လိုနေရမလဲ ....
ငါဘယ်လိုနေရမလဲ ....
ငါဘယ်လိုနေရမလဲ .... နှလုံးသားထဲက အမာရွတ်စွဲဆဲ ...
ငါဘယ်လိုနေရမလဲ

Writer(s): G Fatt