Ma Ngo Par Nae Tot
မငိုပါနဲ့တော့
Lil Z
အယ်လ်ဘမ်: အကယ်၍များ

အချစ်များကိုးကွယ်အနာတရနဲ့ ညှိးငယ်ကာသွားတဲ့ မင်းမျက်နှာလေးကို ငါထာဝရပြုံးနေစေချင်တယ်
အမြဲတမ်းဝမ်းနည်းနင်ဘာတွေမှား မှားငါ စိတ်မဝင်စား အမြဲတမ်းဝမ်းနည်းနေအမှောင်ထဲတိုး ဝင် ပျောက်ဆုံးမသွားခင် နင်မငိုပါနဲ့တော့

ရှိခဲ့တဲ့ Memory တွေ က မေ့ပစ်ရန်လား?
အချစ်မှာမင်းအရူးအဖြစ်ခံသမျှ အချစ်က ပြစ်ဒဏ်ချ
ဟိုးအတိတ်က ကြည်နူးစရာတွေက ဘယ်တော့ အသစ်ပြန်မရတော့
မင်းတွေးနေလောက်ပြီပေါ့ ရခဲ့တဲ့ အချစ်ဟာအစစ်အမှန်လား
သူထအော်တိုင်းမင်းသိပ်ရှက်တာ သူလိမ်ခဲ့တာတွေ စိတ်ပျက်မှာ
ခုကြည့်နှိပ်စက်တာများတော့ စိတ်ဓါတ်သာကျပြီးတော့ Weight တက်လာပြီ
အအိပ်ပျက်ကာ မျက်တွင်းညိုကျသူတွက် မင်းမျက်ရည်တွေ သိမ်းထားဖို့ မလိုဘူးခုချက်ခြင်းငိုပြီးသက်ပြင်းကိုချ

ငါသိတယ် မငိုနဲ့တော့မျက်ရည်တွေ သုတ်လိုက်တော့
စိတ်ပြေလက်ပျောက်ပေါ့ စိတ်ကိုလျှော့ Game လေးဆော့
သာမန်ထက်ပိုတဲ့ မှားယွင်းတဲ့ထွက်ပေါက်တော့ မရှာပါနဲ့(ကဲ)
မညှာတာပဲ စဉ်စားကြည့် (သူ့)အမှန်တရားအတွက်(မင်း)ရှေ့မှာထားတဲ့မာနနဲ့(လူ)ဘာမှမငဲ့(မင်း)ခံစားချက်(ကို) မေ့ကားထား(တော့) မင်းအတွက်ရော (အခု)ဘာရမလဲမေ့လိုက်ပါ
ဒါဟာအချစ်ကိုကိုးကွယ်တဲ့လူတွေတိုင်း ကြုံရမဲ့သဘာဝပဲ

အချစ်များကိုးကွယ်အနာတရနဲ့ ညှိးငယ်ကာသွားတဲ့ မင်းမျက်နှာလေးကို ငါထာဝရပြုံးနေစေချင်တယ်
အမြဲတမ်းဝမ်းနည်းနင်ဘာတွေမှား မှားငါ စိတ်မဝင်စား အမြဲတမ်းဝမ်းနည်းနေအမှောင်ထဲတိုး ဝင် ပျောက်ဆုံးမသွားခင် နင်မငိုပါနဲ့တော့

ဆိုးရွားတဲ့ကံကြမ္မာမျိုးလား ... မကြုံဖူးလို့ စတေးရဲတာလား သိရက်နဲ့ဖက်တွယ်ခဲ့တာဆိုပဲ ဘာအတွက်လဲ

မင်းရခဲ့တဲ့ ဒဏ်ရာမျိုးက ဆောင်းရာသီလေးထဲမှာထဖြစ်လာတဲ့ မကျက်လွယ်တဲ့ အနာလိုပဲ
အနာကျက်လည်းအရာရှိမယ် အမာရွတ်ပျောက်ဖို့ နောက်တစ်ယောက်လည်းမရှာကြည့်ရဲ
ဘော်းဒါဆီရင်ဖွင့်ပြန်ရင်လဲ ကိုယ်ချင်မစာမကြည့်ပဲ ပြောမှာမခံစားနဲ့ ပြတ်လိုက်သူငယ်ချင်း
သူတို့ မင်းအကြောင်း ဘာသိလဲ စိတ်ညစ်ပြီးငိုနေတိုင်း သတိရလိုက် မငိုပါနဲ့ သီချင်းထဲမှာ ငါရှိတယ်

ငါသိတယ်မင်းအရမ်းကိုပင်ပန်းနေပြီ
မေ့ဖျောက်ဖို့ ကျင့်သားမရ
အလွမ်းကြောင့် ဆင့်ပွားသွားတဲ့
မင်းရဲ့ရင်ထဲနင့်သွားသမျှကို အပြစ်မမြင်ပဲ ဖွင့်ထားရတဲ့ တံခါးကို မပိတ်နိုင်ပေမဲ့စေ့လာမဲ့နင်နဲ့သူ့တနေ့မှာ ကွဲရင် ဒီဝဋ်ကျွတ်ပါရစေဆိုတဲ့ ဆုတွေတောင်းတာ ပြည့်လာတဲ့အပြင်
နောက်ထပ်ကမ္ဘာလေးတစ်ခုမှာ နောက်ထက်ငိုဖို့ အကြောင်းအရာတွေ့လာခဲ့ရင်
အကယ်၍များသူနဲ့ ဝေးခဲ့ရင် ဒီသီချင်းကိုမမေ့ပါနဲ့ နင်

Writer(s): Lil Z