Sate Pu Tal
စိတ်ပူတယ်
လေးဖြူ
အယ်လ်ဘမ်: ဒိုင်ယာရီ

နင် ပျော်ပါစေ ဆုတောင်းပေးမယ်
ငါ့ရဲ့ညတွေ ခြောက်ကပ်လဲ
တကယ်ဆို ငါဟာ ဒီအလွမ်းထဲ
အသားမကျသေးပေမယ့်
နင်လိုမယ်ဆို ချခင်းထားတယ်
ငါ့ ရဲ့ဘ၀ လှေခါးထစ်ပါပဲ
နင်ယုံကြည်စွာ ဖြတ်နင်းလိုက်
ငါဘက်မငဲ့ပါနဲ့
အချစ်ဟာ ငါ့အတွက် ဓါးပေါ်က
ပျားရည်တစ်စက်လို ဖြစ်နေမလား
ငါမသိ.............
မင်း... အဆင်ပြေပါ့မလားစိုးရိမ်တယ်
မင်း... ဒီအချိန် တစ်ယောက်ထဲ ရှိနေချိန်
မင်း... ချောင်မှာ တစ်ယောက်ထဲ ကြိတ်ငိုနေဦးမလား
မင်း.. လိုနေချိန်တိုင်း ရှိချင်တယ်
မင်း... မလိုရင် ချန်ထားခဲ့နိုင်တယ်
မင်း... အဆင်မပြေမှာပဲ စိတ်ပူနေမိတယ်
အိုအချစ်ဟာငါ့အတွက် ဓါးပေါ်က
ပျားရည်တစ်စက်လို ဖြစ်နေလည်း ငါမမှုတယ်
နင်လိုမယ်ဆို ချခင်းထားတယ်
ငါ့ ရဲ့ဘ၀ လှေခါးထစ်ပါပဲ
နင်ယုံကြည်စွာ ဖြတ်နင်းလိုက်
ငါဘက်မငဲ့ပါနဲ့
အချစ်ဟာ ငါ့အတွက် ဓါးပေါ်က
ပျားရည်တစ်စက်လို ဖြစ်နေမလား
ငါမသိ.............
မင်း... အဆင်ပြေပါ့မလားစိုးရိမ်တယ်
မင်း... ဒီအချိန် တစ်ယောက်ထဲ ရှိနေချိန်
မင်း... ချောင်မှာ တစ်ယောက်ထဲ ကြိတ်ငိုနေဦးမလား
မင်း.. လိုနေချိန်တိုင်း ရှိချင်တယ်
မင်း... မလိုရင် ချန်ထားခဲ့နိုင်တယ်
မင်း... အဆင်မပြေမှာပဲ စိတ်ပူနေမိတယ်